Black batအမည်ရပန်းမျိုးစိတ်ဟာဘင်္ဂလားဒေ့ရှ်၊ကမ္ဘောဒီးယား၊တရုတ်နိုင်ငံတောင်ပိုင်း၊ မြန်မာ၊ထိုင်း၊ ဗီယက်နာမ် ဒေသများအပါအဝင်အရှေ့တောင်အာရှဒေသများမှာတွေ့ရတဲ့ပန်းမျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်။ ထူးခြားတဲ့အသွင်နဲ့လှပနေတဲ့ပန်းမျိုးစိတ်တစ်မျိုးဖြစ်ကာ ကမ္ဘ့ာအထူးဆန်းဆုံးပန်းမျိုးစိတ်များမှ တစ်မျိုး ဆိုလည်းမမှားပါဘူး။စိုစွတ်တဲ့ဒေသတွေနဲ့အာဟာရဓာတ်ကြွယ်ဝတဲ့မြေကိုကောင်းစွာနှစ်သက်ပြီးသဘာဝမှာလည်းတွေ့နိုင်သလို အလှစိုက်ပန်းပင်အနေနဲ့လဲတွေ့လာရတဲ့အပင်မျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်

အရိပ်ရတဲ့သစ်တောများ နဲ့ ချိုင့်များကိုနှစ်သက်တဲ့အပင်အမျိုးအစားများဖြစ်ကြကာလှပကြီးမားတဲ့ အနက် ရောင်ပန်းပွင်းများကိုပိုင်ဆိုင်ထားကြပါတယ်။ ထူးခြားတဲ့ဒီပန်းမျိုးစိတ်ကိုတော့ ၁၉၀၁ ခုနှစ်မှာ Édouard André မှပထမဆုံးဖော်ပြခဲ့ရာမှလူသိများထင်ရှားလာရပါတယ်။ လှပတဲ့ဒီလင်းနို့နက်ပန်းတွေဟာတော့ ၎င်းတို့ရဲ့မြင့်မားတဲ့အစွမ်းသတ္တိတွေကြောင့်ပဲတရုတ်တိုင်းရင်းဆေးပညာမှာကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာခဲ့ကြတာကိုတွေ့ရပါတယ်

ပန်းပွင့်အားကောင်းတဲ့အပင်မျိုးစိတ်တစ်မျိုးဖြစ်ကာ စိုက်ပျိုးရာသီတစ်ခုမှာ ၈ ကြိမ်ခန့်ပန်းပွင့်ကာအလင်း ရောင်အလယ်အလတ်ရသောနေရာများမှာပန်းပွင့်ကြောင်းသိရပါတယ်။ပန်းရဲ့အလယ်ဗဟိုမှာဆွေးမြေ့နေတဲ့အရာများရှိနေသည်ဟုထင်ရောင်ထင်မှားဖြစ်စေကာအပုပ်အဆွေးစားအင်းစက်များကိုစွဲဆောင်နေပါတယ်။ အချို့သောလူများကမူ၎င်းတို့ရဲ့ထူးခြားတဲ့အသွင်ကြောင့် ဝတ်မှုန်ကူးမှုဆွဲဆောင်ရန်အနံ့အသက်ဆိုးများရှိခဲ့နိုင်ကြောင်းယုံကြည်ထားကြပါတယ်





