IU ဟာတောင်ကိုးရီးယားရဲ့နံပါတ်တစ်အဆိုတော်ဖြစ်တဲ့အပြင် မကြာသေးခင်က BTS အဖွဲ့ဝင် V နှင့်ပူးပေါင်းပြီး သီချင်းအသစ်တစ်ပုဒ်ကိုထုတ်ဝေထားတာပါ။ ဒီသီချင်းဟာ ဂီတဇယားတွေမှာ ဆက်တိုက်နံပါတ်တစ်ရခဲ့ပြီး IU ရဲ့အောင်မြင်မှုကိုဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ မကြာသေးခင်ကမှ ပွဲဦးထွက်ထားတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ သီချင်းဟာ IU ကို ကျော်တက်ပြီးဂီတဇယားနံပါတ်တစ်ကိုရခဲ့တာကြောင့် လူတွေအံ့ ခဲ့ရပါတယ်။ အဲ့ဒီ့အဖွဲ့ကတော့ 2024 တုန်းကမှပွဲဦးထွက်ထားတဲ့ TWS အဖွဲ့ပါ။ TWS ဟာ Seventeen အဖွဲ့ရဲ့ကုမ္မဏီတူဂျုနီယာလေးတွေဖြစ်ပြီးတော့ ပွဲဦးမထွက်ခင်ကတည်းက ပရိတ်သတ်တွေအတော်လေးစိတ်ဝင်စားနေတဲ့အဖွဲ့ပါ။
TWS ရဲ့သီချင်းအသစ်ဖြစ်တဲ့ PLot Twist ဟာ IU ရဲ့ Love Wins All ကိုအနိုင်ယူပြီးတော့ နံပါတ်တစ်နေရာကိုရယူခဲ့တာကြောင့် လူတွေက TWS အဖွဲ့ကိုအရင်ကထက်ပိုပြီးစိတ်ဝင်စားလာကြတာဖြစ်ပါတယ်။