ကေပေါ့လောကမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပွဲဦးထွက်တဲ့ အိုင်ဒေါတွေအများကြီးရှိပါတယ်။ အများစုဟာ အသက် ၁၅ ၁၆ အရွယ်မှာတင်ပွဲဦးထွက်ကြပြီးတော့ အိုင်ဒေါအလုပ်ကိုလုပ်ရင်း တစ်ဖက်ကနေ အခြေခံပညာရေးပြီးမြောက်အောင်လုပ်ဆောင်ကြတာပါ။

ဒါပေမဲ့ မကြာသေးခင်ကပွဲဦးထွက်ခဲ့တဲ့ UNIS ရဲ့အငယ်ဆုံးလေးကတော့ အခုမှအသက် ၁၃ နှစ်ပဲရှိသေးတာပါ။ အသက် ၁၃ နှစ်ပဲရှိသေးတဲ့ Lim Seowon. ဟာသူ့ရဲ့မူလတန်းပြီးမြောက်ကြောင်းဘွဲ့ကိုလည်း မကြာသေးခင်ရက်ပိုင်းကမှရယူထားခဲ့တာဖြစ်ပါတယ်။

Universe Ticket Survival Show ကနေပြီး ပွဲဦးထွက်စာရင်းထဲကိုပါလာတဲ့ Lim Seowon. ဟာအဖွဲ့ထဲကအသက်အကြီးဆုံးဖြစ်သူနှင့်ဆယ်နှစ်တိတိအသက်ကွာနေတာပါ။ ဒါ့အပြင် အခုမှစတင်ပွဲဦးထွက်တာဖြစ်ပေမဲ့ Lim Seowon. ဟာ One of You ဆိုတဲ့ကိုယ်ပိုင် Fansite ကိုလည်းပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ One of You Fansite ဟာ ပြိုင်ပွဲကတည်းက Lim Seowon. ရဲ့ပရိတ်သတ်အဖြစ်ပုံတွေတင်ပေးနေခဲ့တာဖြစ်ပြီး မူလတန်းဘွဲ့အခမ်းအနားမှာပါ ပုံတွေရိုက်လာပြီးတင်ပေးနေတာဖြစ်ပါတယ်။
