GL ဇာတ်လမ်းတစ်ခုမှာ ခေါင်းဆောင်မင်းသမီးနေရာကနေရိုက်ကူးသွားမယ့် မင်းသမီး Hyeri

//s9.kh1.co/3b/3bb6d801fa104dea6cf15f6b2d3d64c46da6cf70.jpg
MPT Korea Celebrity

 ၀၇-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

GL ဇာတ်လမ်းတစ်ခုမှာ ခေါင်းဆောင်မင်းသမီးနေရာကနေရိုက်ကူးသွားမယ့် မင်းသမီး Hyeri

Hyeri ဟာ မကြာသေးခင်က Friendly Competition လို့ခေါ်တဲ့ ဒရာမာမှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သွားမယ်လို့သတင်းထွက်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာ အောင်မြင်တဲ့ GL Webtoon တစ်ခုကိုပြန်လည်ရိုက်ကူးမယ့် ဒရာမာဖြစ်ပြီးတော့ မှုခင်းဇာတ်လမ်းပုံစံမျိုးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/db/dba7df727f2e979407e4aa64f426b9da8e14a8e7.png

Hyeri အနေနှင့် အဓိကဇာတ်ဆောင်အဖြစ် ဉာဏ်ထက်တဲ့ကျောင်းသူတစ်ယောက်အနေနှင့်သရုပ်ဆောင်ရမှာဖြစ်ပြီး တွဲဖက်မင်းသမီးကတော့ ဘယ်သူဆိုတာကိုမသိရသေးပါဘူး။ ဒီဇာတ်လမ်းဟာ အဓိကဇာတ်ဆောင်နှစ်ယောက်ပူးပေါင်းပြီး အမှုတွေကို ဖြေရှင်းရင်းချစ်မိသွားကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/8b/8b0608f81330f161b902c7a25eda50738f8a7df7.png

ပရိတ်သတ်တွေကတော့ Hyeri အနေနှင့် ဒီလို GL ဒရာမာမျိုးကိုရွေးချယ်ရိုက်ကူးတာကိုချီးကျုးနေကြပါတယ်။ Hyeri အနေနှင့် စိန်ခေါ်မှုအသစ်တွေအတွက် အမြဲတမ်းစိတ်အားထက်သန်နေတာပဲဆိုပြီးပြောနေကြတာပါ။ Hyeri ဟာမကြာသေးခင်ကမှ ခြောက်နှစ်တာလက်တွဲခဲ့တဲ့မင်းသား ရူဂျွန်ယောလ် နှင့်လမ်းခွဲကြောင်းကြေညာထားခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=794,q=100/a7/a7e8e94b0867664a6e5a462bb565b6b9e83b9fbd.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T