တွားသွားသတ္တဝါမျိုးစိတ်မဟုတ်သော အဆိပ်ရှိသည့် ဂျပန်ပုတ်သင်လေးများ

//s9.kh1.co/b5/b59e5ab0340702116963b208f2826f3c9dacbbec.jpg
MPT

 ၀၇-ဖေ-၂၀၂၄ ၉am · လွန်ခဲ့သော ၂ နှစ် က

တွားသွားသတ္တဝါမျိုးစိတ်မဟုတ်သော အဆိပ်ရှိသည့် ဂျပန်ပုတ်သင်လေးများ

Japanese fire-bellied newt အမည်ရပုတ်သင်မျိုးစိတ်တွေဟာ ဂျပန်နိုင်ငံသစ်တောများမှာအစုလိုက် အပြုံလိုက်တွေ့ရတဲ့မျိုးစိတ်တစ်ခုပဲဖြစ်ပါတယ်။ပုတ်သင်အမျိုးအစားများဖြစ်ကြသော်လည်းလေ့လာသူပညာရှင်တို့မှာအခြားပုတ်သင်မျိုးစိတ်များကဲ့သို့တွားသားသတ္တမျိုးစိတ်မှာထည့်သွင်းထားခြင်းမရှိဘဲ ရေပုတ်သင်မျိုးစိတ်ခွဲတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ ထူးခြားသောအရောင်နဲ့ဆန်းပြားနေတဲ့ဒီပုတ်သင်တွေဟာကိုယ်တိုင်ခုခံမှုယန္တရားတစ်ခုကိုလည်းပိုင်ဆိုင်ထားပါသေးတယ်

https://s9.kh1.co/__image/w=650,h=342,q=100/3d/3d8a34a39211262c1afc29b8165a28f9027e7812.jpg

ခန္ဓာကိုယ်မှာအနက်ရောင်တောက်ပပြီးအနီရောင်၊လိမ္မော်ရောင်အစက်ပြောက်များပါရှိကာ ခန္ဓာကိုယ်အရောင်တို့ဟာအသက်၊ မျိုးရိုးဗီဇနဲ့ ဒေသအလိုက်အရောင်ကွဲပြားမှုရှိတတ်ပါတယ်။ သစ်တောများမှာများစွာတွေ့ရတဲ့မျိုးစိတ်တစ်ခုဖြစ်ပြီး စီးဆင်းမှုနှေးကွေးသောရေများ၊ရေသေအိုင်များမှာလည်းနေထိုင်လေ့ရှိကြကာအခြားပုတ်သင်များနဲ့မတူဘဲရေအောက်မှာအသက်ရှူနိုင်တဲ့အရေပြားကိုလည်းပိုင်ဆိုင်ထားပါတယ်။ နွေဦးအစမှာသားပေါက်ကြပြီး ပုတ်သင်မျိုးရင်းများနည်းတူပတ်ဝန်းကျင်နဲ့လည်းလိုက်လျောညီထွေစွာနေထိုင်နိုင်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/b3/b357ab3ccb44ea4145a7920bcf1c320b42f3a3b7.jpg

ထူးခြားတဲ့ဒီပုတ်သင်မျိုးစိတ်တွေဟာတော့၎င်းတို့စားသောက်သောအစားအစာများမှ အဆိပ်များကိုအရေပြားမှာစုဆောင်းထားနိုင်ပြီး(tetrodotoxin)ကဲ့သို့သောအဆိပ်များစွာပါရှိကာထိုအဆိပ်ဖြင့်သားရဲများကိုပြန်လည်းခုခံတတ်ပါတယ်။ထူးခြားသောဇီဝစက်ဝန်းကိုပိုင်ဆိုင်ထားကြပြီးခန္ဓာကိုယ်မှ ပျက်စီးဆုံးရှုံးသွားသောအစိတ်အပိုင်းများမှာသဘာဝအလျှောက်ပြန်လည်ရှင်သန်နိုင်စွမ်းလည်းရှိကြပါတယ်။ Japanese fire-bellied newt မျိုးရင်းတူမျိုးစိတ်ခွဲလေးမျိုးရှိပြီးလက်ရှိမှာအရေအတွက်အလွန်ကျဆင်းနေတဲ့မျိုးစိတ်တစ်ခုဆိုလည်းမမှားပါဘူး

https://s9.kh1.co/__image/w=650,h=342,q=100/fc/fc306d93f616789df51dc880e3a139131924305b.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T