လူငယ်တွေကြား ပိုရေပန်းစားလာနိုင်တဲ့ Jumpsuit ဖက်ရှင်

//s9.kh1.co/47/4752816b907a434696bb4ad1d48003cf351a8a08.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၆-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်နှစ် က

လူငယ်တွေကြား ပိုရေပန်းစားလာနိုင်တဲ့ Jumpsuit ဖက်ရှင်

https://s9.kh1.co/__image/w=564,h=848,q=100/8e/8ea176bd777af3bd89385e591c83dd1c7e738f79.png

Jumpsuit တွေထဲမှာ လူဝတ်အများဆုံးလို့ဆိုနိုင်တဲ့ဒီဇိုင်းတွေဖြစ်ပါတယ်။ ဘောင်းဘီတိုနှင့်အင်္ကျီအပွကိုတစ်ဆက်တည်းဆက်ထားတဲ့ ဒီလို Jumpsuit ဒီဇိုင်းဟာ ထသွားထလာဖက်ရှင်အဖြစ်သာမက ပေါ့ပေါ့ပါးပါးဝတ်လို့ရတာကြောင့် အပြင်ထွက်တဲ့အချိန်မှာပါ ဝတ်ဆင်နိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/7a/7af92334d4c13cbb3101598d45ee7c946f1ce04f.png

ဒီလို Jumpsuit တွေကိုတော့ ပန်းချီပညာရှင်နှင့် လက်မှုလုပ်တဲ့လူတွေအဝတ်များကြပါတယ်။ တစ်ဆက်တည်းဖြစ်ပြီး ပွပွချောင်ချောင်ဖြစ်တာကြောင့် ဝတ်ဆင်ရလွယ်ကူပြီး အဆင်ပြေစေမှာပါ။ 

https://s9.kh1.co/__image/w=560,h=840,q=100/ee/ee994ddce9b654c23dd33e0dbd576902eb00883e.png

ကမ်းခြေတွေနှင့် ခရီးသွားတဲ့အချိန်တွေမှာအဝတ်များကြတဲ့ ဒီဒီဇိုင်းဟာ လူငယ်တွေသာမက သက်လတ်ပိုင်းအမျိုးသမီးတွေပါဝတ်ဆင်တတ်ကြတဲ့ဒီဇိုင်းဖြစ်ပါတယ်။ ပေါ့ပါးတဲ့အပြင် ပန်းပွင့်အဆင်တွေကြောင့် မိန်းကလေးဆန်တဲ့ပုံစံပေါ်အောင်လည်း အများကြီးကူညီပေးပါတယ်။ 

https://s9.kh1.co/__image/w=564,h=751,q=100/7a/7a111ff300565ac86a90e1e5e87de1450b64bfb6.png

ဒီလိုပိတ်သားနှင့်ချုပ်တဲ့ Jumpsuit တွေကတော့ ရုံးသွားရုံးလာအတွက်အဆင်ပြေရုံသာမက ပွဲလမ်းသဘင်တွေမှာပါဝတ်နိုင်တဲ့အထိ အဆင်ပြေတဲ့ဒီဇိုင်းတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/45/45cf528ff36a5bfd7821cb85c7912ecb2841bff3.png

ဒီလို Tweed အစနှင့်ချုပ်ထားတဲ့ Jumpsuit တွေကလည်း အခုနောက်ပိုင်းမှာ ပိုရေပန်းစားလာပြီးတော့ အထူးသဖြင့် Jumpsuit ဝတ်လေ့မရှိတဲ့လူငယ်တွေကြားမှာခေတ်စားလာပါတယ်။ ပေါ့ပါးတဲ့အပြင် တစ်ပြိုင်တည်းခေတ်ဆန်တဲ့အငွေ့အသက်ကိုပါပေးနိုင်တဲ့ဒီဇိုင်းဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T