Skin Care မဝယ်ခင်သိထားသင့်တဲ့အချက်များ

//s9.kh1.co/09/09d731c68bea7f71d56bf3c798d083e7fa68e81e.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၆-ဖေ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

Skin Care မဝယ်ခင်သိထားသင့်တဲ့အချက်များ

Skincare ပစ္စည်းအများစုကိုဝယ်ယူတော့မယ်ဆိုရင် အောက်ပါအချက်တွေကိုသတိထားပေးဖို့လိုအပ်ပါတယ်။

(၁) ပစ္စည်းတွေဝယ်တော့မယ်ဆိုရင် အရေးကြီးဆုံးက ကိုယ့်ရဲ့အသားအရေအမျိုးအစားကိုသိဖို့ပါ။ ပစ္စည်းတွေဟာ အသားအရေအမျိုးအစားအလိုက်ကွဲပြားကြတာကြောင့် ကိုယ့်အသားအရေအတွက်ထုတ်ထားတဲ့ပစ္စည်းတွေပဲဝယ်ယူသုံးစွဲရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/ea/ea60fb9bb1716bd0d824e0e6bce51f853458500a.png

(၂) ပြီးတာနှင့် ပစ္စည်းထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းစာရင်းကိုစစ်ကြည့်ရပါမယ်။ ပါဝင်ပစ္စည်းတွေထဲမှာ မတည့်တာမျိုး ရှိတတ်တာကြောင့် တွေကိုသေချာစစ်ဆေးပြီးမှဝယ်ယူရမှာဖြစ်ပါတယ်။

(၃) အသားအရေအခြေအနေအလိုက်လိုအပ်တဲ့ဓာတ်ကိုပေးနိုင်တဲ့ ပစ္စည်းကိုရွေးတတ်ဖို့လိုပါတယ်။ ကိုယ့်အသားအရေက ဝက်ခြံပေါက်နေလား အဆီပြန်နေလား ရေဓာတ်လိုအပ်နေလားအစရှိတဲ့ အသားအရေရဲ့လိုအပ်ချက်အပေါ်မူတည်ပြီးတော့ ရွေးချယ်ရပါမယ်။

https://s9.kh1.co/__image/w=563,h=845,q=100/1e/1e175f0d038fb4626000eb038ddf37347a3c82dc.png

(၄) တစ်ခါမှမသုံးဖူးသေးတဲ့ပစ္စည်းအသစ်တွေကိုသုံးချင်ရင် နမူနာသုံးလို့ရတဲ့ဘူးသေးလေးတွေကိုအရင်သုံးကြည့်သင့်ပါတယ်။ ဘူးသေးလေးတွေကနေတဆင့် တည့်မတည့်သိရပြီးတော့ ဘူးကြီးတွေကိုဝယ်ဖို့ဆုံးဖြတ်သင့်ပါတယ်။

(၅) ပစ္စည်းရဲ့ ဒိတ်ကိုကြည့်ဖို့ကလည်းအရေးကြီးပါတယ်။ ဒိတ်လွန်နေတဲ့ ပစ္စည်းတွေဟာ မထင်ထားလောက်အောင်ကြီးမားတဲ့အသားအရေပြဿနာတွေကိုဖြစ်စေနိုင်တာကြောင့် သေချာသတိထားကြည့်သင့်တဲ့အချက်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=705,q=100/63/63f54c6867fb315ef718617f4eb2c8c40a4388dc.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T