ထူးခြားတဲ့အိုင်ဒေါတွေအဖြစ် လူတိုင်းအသိအမှတ်ပြုထားတဲ့အိုင်ဒေါနှစ်ယောက်

//s9.kh1.co/e3/e37a9951cf62f1bbec965291468308c256d65f78.jpg
MPT Korea Celebrity

 ၀၆-ဖေ-၂၀၂၄ ၉am · လွန်ခဲ့သော ၆ လ က

ထူးခြားတဲ့အိုင်ဒေါတွေအဖြစ် လူတိုင်းအသိအမှတ်ပြုထားတဲ့အိုင်ဒေါနှစ်ယောက်

Cheon-nyeon-dol ဆိုတာ ထူးခြားပြီးတော့ အနှစ်တစ်ထောင်မှတစ်ယောက်လောက်ပဲပေါ်ထွက်လာနိုင်တဲ့ လူကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကေပေါ့အိုင်ဒေါလောကမှာ ဒီလိုလူအဖြစ်သတ်မှတ်ခံရတဲ့ အိုင်ဒေါနှစ်ယောက်တည်းပဲရှိပါတယ်။ 

https://s9.kh1.co/__image/w=564,h=705,q=100/46/465eae7d906e290781df9f760508d506dc60b917.jpg
https://s9.kh1.co/__image/w=563,h=705,q=100/7e/7e9741fc1b7d6d3c97bf71d90c787bf049a765ae.jpg

(၁) G Dragon 

GD ဟာ ကေပေါ့ရဲ့လက်ရှိ Trend တွေအကုန်နီးပါးကိုလမ်းခင်းပေးခဲ့တဲ့ အမိုက်စား အိုင်ဒေါတစ်ယောက်ပါ။ သူ့ရဲ့အဆိုစွမ်းရည် အရည်အချင်းတွေနှင့်အတူ အကောင်းဆုံးသီချင်းတွေကိုရေးသားထုတ်ဝေနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒီလိုဂီတနှင့်ပတ်သက်တဲ့အလုပ်တွေအပြင် ဖက်ရှင်လောကမှာပါ GD ရဲ့လွှမ်းမိုးမှုဟာကြီးမားပါတယ်။ နိုင်ငံတကာဇိမ်ခံဘရန်းတွေကို ကေပေါ့လောကထဲပထမဆုံးခေါ်လာခဲ့တာဟာ GD ပါ။ ဒါ့အပြင် ဘရန်းတွေနှင့်ပူးပေါင်းတာ ကိုယ်ပိုင်စီးပွားရေးကိုအိုင်ဒေါအလုပ်နှင့်အတူလုပ်တာအစရှိတဲ့ ကေပေါ့ရဲ့  Trend တော်တော်များများဟာ GD စတင်ဖန်တီးခဲ့တဲ့အရာတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=817,q=100/f3/f33febf142364abc2564eacdcd1ed9082b09f9a2.png

(၂) Jung Wooyoung 

Produce 48 ကနေစပြီးနာမည်ကြီးလာခဲ့တဲ့  Wooyoung ဟာ အခုဆိုရင် IVE အဖွဲ့ဝင်တစ်ယောက်အနေနှင့်နာမည်ကြီးနေပြီဖြစ်ပါတယ်။ Wooyoung ဟာ ပြိုင်ပွဲမှာကတည်းက သူ့ရဲ့ထူးခြားတဲ့ရုပ်ရည် အဆိုအကစွမ်းရည်တွေကြောင့် လူတိုင်းအသိအမှတ်ပြုချီးကျုးခဲ့ရသူပါ။ ဒါ့အပြင်  အိုင်ဒေါအဖြစ်ပွဲဦးထွက်ပြီးနောက်ပိုင်းမှာလည်း ကြွေရုပ်လိုမျိုးရုပ်ရည်နှင့် အဆိုစွမ်းရည်ကြောင့်နာမည်ကြီးတဲ့ Wooyoung ဟာအခုဆိုရင် ထိပ်တန်းဘရန်းတွေအများကြီးနှင့်လက်တွဲပြီးတော့ အောင်မြင်တဲ့အိုင်ဒေါတစ်ယောက်အနေနှင့်ရပ်တည်နေပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/36/367ce3e5d87183e2af147814d3e3a39de13cc5bb.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T