တက်တူးသဘောကျတဲ့သူတွေအတွက် သတိထားစရာအချက်လေးများ

//s9.kh1.co/b6/b6a18d1db1a3e431245f6eddd7156ec162e8b407.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၉-ဇန်-၂၀၂၄ ၉am · လွန်ခဲ့သော ၂ နှစ် က

တက်တူးသဘောကျတဲ့သူတွေအတွက် သတိထားစရာအချက်လေးများ

တက်တူးထိုးရတာကိုသဘောကျပြီး တက်တူးတွေကိုတစ်ကယ်ချစ်တဲ့သူဖြစ်လာပြီဆိုရင် သတိထားရမယ့်အချက်တွေရှိပါတယ်။ အထူးသဖြင့် ငယ်ရွယ်ချိန်မှာ တက်တူးထိုးဖို့စဥ်းစားနေတယ်ဆိုရင် ဒီအချက်လေးတွေကိုသတိထားသင့်ပါတယ်။

(၁) သေးငယ်တဲ့တက်တူးလေးတွေကနေအစပြုပါ။ စစချင်းမှာ ကြီးမားတဲ့တက်တူးတွေထက်သေးငယ်ပြီးတော့ လူမြင်မလွယ်တဲ့နေရာတွေမှာပဲစထိုးပါ။ ဒီလိုထိုးထားရင် စိတ်အပြောင်းအလဲကြောင့် တက်တူးကိုမကြိုက်တော့ရင်တောင် အလွယ်တကူဖျောက်နိုင်တာကြောင့်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/a2/a213954ac3cefa87ffd2cba52f4662de233f1b9a.png

(၂) အနာဂတ်ကိုမမေ့ပါနဲ့။ တစ်ကယ်လို့သင်ဟာ တက်တူးကိုခွင့်မပြုတဲ့အလုပ်အကိုင်လိုမျိုးစဥ်းစားထားတယ်ဆိုရင် တက်တူးထိုးဖို့အတွက် အနာဂတ်အိမ်မက်ကိုပါစွန့်လွှတ်နိုင်သလားဆိုတာစဥ်းစားဖို့လိုအပ်ပါတယ်။

(၃) တစ်ကယ်ထိုးတော့မယ်ဆိုရင် ပုံစံရွေးချယ်တဲ့အချိန် ရေပန်းစားနေတာ လူကြိုက်များနေတာတွေကိုမရွေးပါနဲ့။ ကိုယ်တစ်ကယ်သဘောကျပြီး အဓိပ္ပါယ်ရှိတဲ့ပုံကိုပဲရွေးချယ်ပြီးထိုးသင့်ပါတယ်။

https://s9.kh1.co/__image/w=563,h=901,q=100/33/332f05921ae03011f6e42df3704a9a5e4ec480a0.jpg

(၄) သူငယ်ချင်းဆက်ဆံရေး နှင့်ချစ်သူဆက်ဆံရေးတွေအတွက် ဆင်တူတက်တူးတွေမထိုးပါနဲ့။ ဘယ်ဆက်ဆံရေးမှ ထာဝရတည်မြဲတယ်ဆိုတာမရှိတာကြောင့် ဒါတွေထိုးထားခြင်းကအဓိပ္ပါယ်မရှိတဲ့အပြင် လမ်းခွဲလိုက်တဲ့အချိန် အဆင်မပြေဖြစ်စေပါလိမ့်မယ်။

(၅) တက်တူးထိုးပေးမဲ့ပညာရှင်ကိုသေချာရွေးချယ်ပြီးတော့ အသုံးပြုမယ့်ဆေးကိုလည်း အရည်အသွေးကောင်းမွန်တဲ့ဆေးတွေပဲအသုံးပြုသင့်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=733,q=100/7a/7a77c6bdc826cc11bd709d2d7a853346f67f1510.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T