နေ့စဉ်ဘဝမှာ Spirulina မှထုတ်လုပ်ထားတဲ့ဆေးဝါးတွေ၊ အလှကုန်တွေနဲ့ အခြားသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ၊ အလှအပဆိုင်ရာပစ္စည်းတွေကို များစွာတွေ့လာရပါတယ်။ အယ်ကာလိုင်းဓာတ်မြင့်မားပြီးပူနွေးတဲ့သဘာဝရေကန်များမှာပေါက်ရောက်တဲ့ Spirulina တွေကို စိမ်းပြာရောင်ရေညှိ လို့လူသိများပြီးဆေးဖက်ဝင်အပင်တစ်ခု အဖြစ်သိရှိထားကြပါတယ်

ဒါပေမယ့် Spirulina တွေဟာလူတွေသိသလိုအပင်တွေဆိုတာသေချာရဲ့လား? Spirulinaတွေဟာ ရေညှိ အမျိုးအစားများဖြစ်ကြပြီး အစိမ်းရောင်အရောင်ခြယ်ပစ္စည်း ကလိုရိုဖီးများအပြည့်အဝပါရှိကာ နေရောင်ခြည်ကို အသုံးပြုပြီးကိုယ်ပိုင်အစာချက်နိုင်ကြပါတယ်။ ထိုအချက်ကဘဲ ရုက္ခဗေဒသဘောတရားနဲ့ကိုက်ညီနေကာ ယခင်အချိန်များမှ ပညာရှင်အချို့ကအပင်အဖြစ်သတ်မှတ်ခဲ့ကြကြောင်းသိရပါတယ်

သို့သော်လည်း Spirulina တွေဟာ ရေရဲ့အကူအညီ ရေဖိအားများမရှိတဲ့နေရာများမှာပင် ရွှေ့လျားနိုင်ကြောင်း လေ့လာသူပညာရှင်အချို့တွေ့ရှိခဲ့ရပါတယ်။ထိုကဲ့သိုကိုယ်ပိုင်ရွှေ့လျားနိုင်ခြင်းကပဲ သတ္တဗေဒသ ဘောတရားများအရ သတ္တဝါတစ်ကောင်အဖြစ်သတ်မှတ်နိုင်စရာဖြစ်ခဲ့ရပြန်ပါတယ်။ သို့သော်ယခုနောက်ပိုင်းပညာရှင်တို့ လေ့လာတွေ့ရှိမှုများမှာမူ စိမ်းပြာရောင်ရေညှိများဟာ အပင်နဲ့သတ္တဝါကြားရှိသက်ရှိများဖြစ်ကြောင်းဆိုထားပါတယ်။ နယူးဇီလန်နိုင်ငံမှ Biotechnologist and engineer ပါမောက္ခ Benoit Guieysse ကလည်းSpirulina တွေဟာ protistမျိုးစုမှာပါဝင်တဲ့ အပင်မဟုတ်၊သတ္တဝါမဟုတ် မှိုမဟုတ်သောသက်ရှိများဖြစ်ကြောင်းလေ့လာတွေ့ရှိမှုများကိုကိုးကားကာဖော်ပြခဲ့ဖူးပါတယ်





