ဥမှပေါက်သောနို့တိုက်သတ္တဝါမျိုးစိတ်

//s9.kh1.co/46/46f5d7d52c49a665466182f27da690e382f41b6f.jpg
MPT

 ၂၆-ဇန်-၂၀၂၄ ၉am · လွန်ခဲ့သော ၂ နှစ် က

ဥမှပေါက်သောနို့တိုက်သတ္တဝါမျိုးစိတ်

ကမ္ဘာပေါ်ရှိနို့တိုက်သတ္တဝါအများစုဟာအကောင်လိုက်ပေါက်ဖွားကြပါတယ်။ဒါပေမဲ့ ဥမှပေါက်တဲ့နို့တိုက်သတ္တဝါမျိုးစိတ်အချို့ရှိပေမယ့်သိရှိသူတော့အတော်ရှားပါတယ်။ ကမ္ဘာပေါ်မှာ Monotremes လို့ခေါ်တဲ့ဥမှသားပေါက်တဲ့နို့တိုက်သတ္တဝါမျိုးစိတ် ၅ မျိုးရှိပါတယ်။ ထိုသတ္တဝါ ၅ မျိုးမှာ Echidnas တွေဟာလည်းအပါအဝင်ဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/f0/f099be3dc0625fc52300b0e14c748e48d57792a2.jpg

Echidnas တွေဟာဩစတေးလျနဲ့နယူးဂီနီမှာ များစွာနေထိုင်ကြပြီး Monotremata မျိုးရင်းရဲ့တစ်ခုတည်း သောအသက်ရှင်ကျန်တဲမျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ခန္ဓာကိုယ်ပုံစံမှာ ဆူးတောင်များပါသော် လည်း ဖြူးကောင်များနဲ့ နီးကပ်တဲ့တူညီမှုတော့မရှိပါဘူး။ပညာရှင်များရဲ့လေ့လာချက်အရလွန်ခဲ့သော နှစ်သန်းပေါင်း ၂၀ နဲ့ ၅၀ ကြားမှာplatypus (ဘဲတူဖျံတူ) နဲ့တူတဲ့ Monotremes မှဆင်းသက်လာကြောင်း ဆိုကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/90/90eafddd1f84f8532088450116962f2b1cc97778.jpg

ခန္ဓာကိုယ်မှာ သားပိုက်ကောင်များကဲ့သို့ထူးခြားသောအိတ်တစ်ခုပါရှိပါတယ်။ အမများဟာမိတ်လိုက် ရာသီ မိတ်လိုက်ပြီး၂၂ ရက်အကြာမှာအခွံပျော့တဲ့ ဥ ဥကာ ဝမ်းဗိုက်ရှိအိတ်ထဲသို့ထည့်ကာသိမ်းထားလေ့ရှိကြပါတယ်။သားပေါက်ချိန်မှာ သားလောင်းများဟာမိခင်နို့ကို စို့ရင်းမိခင်ရဲ့အိတ် အတွင်းမှာတစ်နှစ်နီးပါးနေထိုင်ပြီးမှသာလျှင်ပြင်ပလောကသို့လွတ်လွတ်လပ်လပ်ထွက်ခွာကြကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/69/69d064a7d7f1c34f5b6fb87bbb79b82b664a822c.jpg

နို့တိုက်သတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေရဲ့အရည်အသွေးတွေရှိတယ်လို့ယူဆသတ်မှတ်ထားတဲ့ Echidnas တွေဟာသက်တမ်းမှာ ပျမ်းမျှအားဖြင့် ၁၄ နှစ်မှ ၁၆ နှစ်အထိရှင်သန်နိုင်ကြတဲ့သတ္တဝါတွေပဲ ဖြစ်ပါတယ်။ဇီဝဖြစ်ပျက်မှုနည်းပါးပြီး ဖိစည်းမှုဒဏ်ကို ခံနိုင်ရည်ရှိခြင်းကြောင့် အသက်ရှည်ကြာစွာနေ ထိုင်နိုင်ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/d0/d07a0b10726509354425ce316a902b48d1dcad47.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T