နှုတ်ခမ်းကိုသဘာဝအတိုင်းလေးပန်းရောင်သန်းစေဖို့ဟာ မိန်းကလေးတိုင်းမျှော်လင့်ကြတဲ့အရာပါ။ ဒီနေ့မှာတော့ ပန်းရောင်နှုတ်ခမ်းလေးပိုင်ဆိုင်နိုင်ဖို့ လုပ်ဆောင်ရမယ့်နည်းလမ်းတွေကိုဖော်ပြပေးသွားပါမယ်။

နှုတ်ခမ်းကို သကြား ပျားရည် သံပုရာတစ်စက်စီနှင့် နှင်းဆီအရည်တစ်စက်စီရောထားတဲ့ Homemade Scrub နှင့်ပုံမှန်တိုက်ပေးပါ။ ဒီလိုတိုက်ပေးခြင်းက နှုတ်ခမ်းအရေပြားဆဲလ်ဟောင်းတွေကိုကွာကျစေပြီး နုပျိုတဲ့ဆဲလ်အသစ်တွေပေါ်လာစေနိုင်လို့ဖြစ်ပါတယ်။အရေပြားကိုအစိုဓာတ်ပေးနိုင်မယ့် Lip Care ပစ္စည်းတစ်ခုကိုပုံမှန်သုံးပေးခြင်းကလည်း နှုတ်ခမ်းသားအတွက်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။

သဘာဝသစ်သီးတွေနှင့်နှုတ်ခမ်းကိုပွတ်သပ်ပေးတာကလည်း အရောင်ဓာတ်ကိုအနည်းငယ်ပြောင်းလဲစေနိုင်တာကြောင့် စတော်ဘယ်ရီ နှင့် ဘယ်ရီသီးလိုမျိုးအရောင်ဓာတ်ပါတဲ့အသီးတွေနှင့် နှုတ်ခမ်းကိုပွတ်သပ်နိုင်ပါတယ်။ နောက်ဆုံးအနေနှင့် နှုတ်ခမ်းကိုပန်းရောင်သန်းစေဖို့ဆိုရင် ပန်းရောင် Lipbalm လေးတွေကိုပုံမှန်သုံးပေးတာကလည်း ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။






