မျက်နှာကိုအမြဲထိတွေ့နေရတဲ့ မိတ်ကပ်ပစ္စည်းတွေဟာ သန့်ရှင်းနေဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ညစ်ပတ်လွယ်ပြီး အမြဲသုံးနေရတဲ့ဘရပ်ရှ်တွေကို သေချာလေးသန့်စင်ပေးဖို့လိုအပ်ပါတယ်။ ဘရပ်ရှ်တွေကို အများစုဟာသာမာန်ရေနှင့်ဆေးကြောပြီး အခြောက်ခံလိုက်ရုံနှင်သန့်ရှင်းသွားတယ်လို့ထင်တတ်ကြပါတယ်။

ဒါပေမဲ့ ဒီလိုဘရပ်ရှ်တွေကိုလည်း ဆပ်ပြာလိုမျိုးသန့်စင်ပေးနိုင်တဲ့အရာတွေနှင့်ဆေးကြောဖို့လိုအပ်ပါတယ်။ ဘရပ်ရှ်အတွက်အသုံးပြုတဲ့ဆပ်ပြာမဝယ်နိုင်ဘူးဆိုရင် ကလေးငယ်လေးတွေအသုံးပြုတဲ့ဆပ်ပြာအပျော့စားလိုမျိုးကိုသုံးဖို့လိုအပ်ပါတယ်။ အရင်ဆုံးဘရပ်ရှ်ကို ရေနှံ့အောင်စိုစေရပါမယ်။

ရေစိုသွားတဲ့ဘရပ်ရှ်အမွှေးလေးတွေကို ဆပ်ပြာနှင့်ဖြေးဖြေးချင်း ပွတ်တိုက်ပေးရပါမယ်။ ဆပ်ပြာနှင့်တိုက်တဲ့အချိန် ငြင်သာဖို့လိုအပ်ပါတယ်။ မဟုတ်ရင်အမွှေးတွေကျွတ်ပြီး ပျက်စီးသွားနိုင်တာကြောင့်ပါ။ ပြီးတာနှင့်ရေဆေးချပြီး နေပူထဲမှာသဘာဝအတိုင်းအခြောက်ခံရပါမယ်။ ဒီလိုနည်းလမ်းနှင့် ဘရပ်ရှ်တွေကို ဆေးကြောသန့်စင်နိုင်ပါတယ်။
