Punaluuအမည်ရှိကမ်းခြေကြီးဟာဟာဝိုင်အီရှိကမ်းခြေတစ်ခုဖြစ်ကာကမ္ဘာပေါ်မှာရှိတဲ့ထူးခြားတဲ့ကမ်းခြေတစ်ခုဆိုလည်းမမှားပါဘူး။ဇီဝမျိုးစုံမျိုးကွဲတို့ရဲ့မှီခိုရာနေရာတစ်ခုဖြစ်တဲ့ ဒီကမ်းခြေကြီးဟာထူးခြားတဲ့ သဲအရောင်များကြောင့်ပိုမိုလူသိများထင်ရှားပါတယ်။ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲများကိုပါတွေ့နိုင်တဲ့ ကမ်းခြေတစ်ခုဖြစ်တဲ့ Punaluu ရဲ့သဲအရောင်ဟာထူးခြားစွာပဲအခြားကမ်းခြေများနဲ့မတူဘဲ မဲနက်နေပါတယ်

ထိုထူးခြားတဲ့ Punaluu ရဲ့အနက်ရောင်သဲများဟာ ၎င်းကမ်းခြေပတ်ဝန်းကျင်ရှိမီးတောင်ကြောင့်ဖြစ်ကြောင်းပညာရှင်တို့ရဲ့ပြောကြားချက်များအရသိရပါတယ်။ Mauna Loa နဲ့ Kilauea မီးတောင်များပေါက်ကွဲမှုမှ ထွက်ပေါ် လာတဲ့ချော်ရည်များဟာသမုဒ္ဒရာထဲ့သို့စီးဝင်သွားခဲ့ပါတယ်။ထိုချော်ရည်တို့မှာ အေးမြလာသည်နဲ့အညီ အေးခဲလာခြင်းကြောင့် ကမ်းရိုးတန်းရှိ မဲနက်သောသဲများနဲ့ကျောက်တုံးငယ်များဖြစ်လာပေါ်လာကြောင်းသိရပါတယ်

ထိုမျှမက အထူးခြားဆုံးရှုထောင့်များထဲမှတစ်ခုမှာ ပင်လယ်အော်ထဲသို့တိုက်ရိုက်စီးဝင်နေသော အလွန်အေးမြတဲ့ရေချို မြေအောက်စမ်းရေတွင်းများရှိနေခြင်းကြောင့်ပဲဖြစ်ပါတယ်။ထိုကဲ့အောက်ခြေမှာ ရေချိုများစီးဆင်းနေသော်လည်း ရေငန်ဟာရေချိုထက်ပိုမိုသိပ်သည်းသောကြောင့် ရေးကြောင်းနှစ်ခုမှာပေါင်းစပ်ခြင်းမရှိဘဲ ထူးခြားစွာရေပူ၊ရေနွေးနှစ်မျိုးစလုံး တစ်ပြိုင်နက်ခံစားစေနိုင်သည်မှာလည်း ဒီကမ်းခြေကြီးရဲ့ထူးခြားမှုတစ်ခုလည်းဖြစ်ပါတယ်။ထူးခြားတဲ့ရေအခြေအနေနဲ့သဲအရောင်သာမကထိုကမ်းခြေရှိ ရှားပါးမျိုးစိတ်များဖြစ်တဲ့ Hawaiian Monk Seal နဲ့ Hawksbill Turtleကဲ့သို့သောတိရိစ္ဆာန်မျိုးစိတ်များဟာလည်ခရီးသည်တို့ရဲ့အာရုံကိုများစွာဆွဲဆောင်နေပါတယ်
