အဆိပ်ပြင်းတဲ့ကမ္ဘာ့အကြီးဆုံး ကျည်ဆံပုရွက်ဆိတ်

//s9.kh1.co/0d/0dcd053f364d719fdca95d2f7ccc43e0bf98eeca.jpg
MPT

 ၂၃-ဇန်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ နှစ် က

အဆိပ်ပြင်းတဲ့ကမ္ဘာ့အကြီးဆုံး ကျည်ဆံပုရွက်ဆိတ်

ပုရွက်ဆိတ်တွေဟာနေရာအနှံ့မှာရှိနေပြီးထူးခြားတဲ့ပုရွက်ဆိတ်တွေဟာလည်းကမ္ဘာ့နေရာတော်တော်များများမှာ ပုံစံမျိုးစုံနဲ့တွေ့နေရပါတယ်။ ထိုအထဲမှာတောင်အမေရိကတိုက်အလယ်ပိုင်းမှာနေထိုင်ကျက်စားကြတဲ့ Bullet Ant တွေဟာလည်းအပါအဝင်ဖြစ်ပါတယ်။ Bullet Ant တွေဟာတော့ကမ္ဘာ့အကြီးဆုံးပုရွက်ဆိတ်များဖြစ်ကြသည်သာမက အဆိပ်ဟာလည်းပြင်းထန်ကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/78/786d82672388af554a1594c4d01ba142faa81302.jpg

Poneratoxin လို့အခေါ်တဲ့ပြင်းထန်တဲ့အဆိပ်ကိုပိုင်ဆိုင်ထားတဲ့ကျည်ဆံပုရွက်ဆိတ်တွေဟာ နဂျယ်ကောင်ရဲ့ အဆိပ်နဲ့ဆင်ကြောင်းသိရပါတယ်။ ဒေသနာမည်များစွာနဲ့ထင်ရှားပြီးအထင်ရှားဆုံးနာမည်မှာ ဗင်နီဇွဲလားနာမည်ဖြစ်ပြီး Hormiga veinticuatroလို့အမည်ရကာ 24-hour ant ဟုအမည်ရပါတယ်။ထိုအမည်မှာလည်း၎င်းပုရွက်ဆိတ်များ ကိုက်ခဲခံရပါကခံစားရမည့်နာကျင်မှုကြာချိန်ကိုဖော်ပြခြင်းဖြစ် ကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/16/16b52bfee16f87953d1695b38508c78d7354ca44.jpg

အင်းဆက်ပိုးမွှားများကိုက်ခဲမှုဆိုင်ရာကျွမ်းကျင်သူဇီဝဗေဒပညာရှင်၊ Schmidt sting pain indexကိုဖန်တီးခဲ့သူ Justin Schmidtကမူကျည်ဆံပုရွက်ဆိတ်များရဲ့အဆိပ်ဟာပြင်းထန်ပေမဲ့ ၎င်းတို့ကြောင့်အသက်ဆုံးရှုံးခြင်းများမရှိသေးကြောင်းရှင်းပြခဲပါတယ်။ အမှန်မှာတော့အရွယ်အစားကြီးမားပြီးပြင်းထန်တဲ့အဆိပ်ကိုပိုင်ဆိုင်ထားတဲ့ကျည်ဆံပုရွက်ဆိတ်တွေဟာတော့ ရန်လိုတဲ့ပုရွက်ဆိတ်အမျိုးအစားတွေတော့မဟုတ်ပါဘူး။ ၎င်းတို့ရဲ့အသိုက်ကိုခြိမ်းခြောက်မှသာလျှင်ရန်လိုကြတဲ့ပုရွက်ဆိတ်အမျိုးအစားများဖြစ်သည့်အပြင် အသေကောင်များရဲကျန်ရှိနေတဲ့အကြွင်းအကျန်များကိုဖျတ်ဆီးနိုင်သောကြောင့် မိုးသစ်တောများရဲ့ဂေဟစနစ်အတွက်များစွာအရေပါနေပြန်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/a3/a3f8b444b69ee479630567faca5d4902da660c8b.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T