ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၊လာအိုနိုင်ငံတောင်ဘက်အလယ်ပိုင်းနဲ့ တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေမှာတွေ့ရတဲ့ Theloderma corticale ဟာအခြားဖားများနဲ့မတူဘဲထူးခြားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြပါတယ်။ Mossy Frog ဟူသောအမည်ဖြင့်လူသိများပြီး နာမည်နဲ့လိုက်ဖက်စွာပင်အမှတ်မထင်ကြည့်မိပါက သက်ရှိသတ္တဝါတစ်ကောင်နဲ့ မတူဘဲရေညှိများဖြင့်ပင်တူနေပါတယ်။ဗီယက်နမ်နိုင်ငံမှာအဓိကတွေ့ရတဲ့ဖားအမျိုးအစားတွေဖြစ်ပြီးကုန်းနေရေနေသတ္တဝါများဖြစ်ပေမယ့်အချိန်အများစုကို ရေမှာကုန်ဆုံးကြတဲ့သတ္တဝါများပဲဖြစ်ကြပါတယ်

အစိမ်းရောင်၊ အညိုရောင်နဲ့ ရံဖန်ရံခါမှာအနီရောင်များအဖြစ်တွေ့ရှိရကာအမြဲစိမ်းတောများမှာတွေ့ရှိရပါက မြင်ရသူကိုပင်မျက်စိမှားစေပါတယ်။အန္တရာယ်များတဲ့သားရဲများရဲ့ခြိမ်းခြောက်ခြင်းခံရပါကလည်း ၎င်းတို့ရဲ့ ခန္ဓာကိုယ်ကို ဘော့လုံးလုံးသည်အထိကွေးပြီး အသေကောင်တစ်ကောင်ပမာပြုမူကာ သားရဲများကို လှည့်စားတတ်ကြပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀၀ အကြားမှာနေထိုင်ကြပြီးဂူများ၊ ချောက်ကမ်းပါးနံရံများကိုပင်တွယ်ကပ်နေထိုင်နိုင်ကြပါတယ်။ထိုကဲ့သို့တွယ်ကပ်နိုင်ရန်လည်းစေကပ်နေတဲ့စုပ်ခွက်ပုံခြေချောင်းများကကူညီပေးကြပါတယ်

ထူးခြားသောရေညှိရောင်အရေပြားများ၎င်းဖားများအတွက် ဟာသဘာဝကဖန်တီးပေးထားသော အသက် ရှင်သန်ရေးဆိုင်ရာနည်းဗျူဟာတစ်ခုဖြစ်ကြောင်းပညာရှင်တို့ဆိုကြပါတယ်။ ကမ္ဘာပေါ်မှာရေညှိရောင်ခန္ဓာကိုယ် နဲ့တိရိစ္ဆာန်များစွာရှိနေပြီး အဆိုပါတိရိစ္ဆာန်များထဲမှရေညှိဖားများကိုမူ ကျွမ်းကျင်စွာပုံးကွယ်နိုင်သူ ပညာရှင်များအဖြစ်သုတေသီတို့အသိအမှတ်ပြုကြပါတယ်။အာရှတိုက်ဒေသအချို့ရဲ့အမြဲစိမ်းသစ်တောများမှာတွေ့ရတဲ့ Mossy Frog တွေကိုတော့တရားမဝင်အိမ်မွေးတိရိစ္ဆာန်များ အဖြစ်ဖမ်းယူရောင်းချနေတဲ့ မှောင်ခိုဈေးကွက်များလည်းကမ္ဘာမှာများစွာရှိနေကြောင်းသိရပါတယ်





