BTS Jimin ဟာလက်ရှိအချိန် တောင်ကိုးရီးယားနိုင်ငံရဲ့ဥပဒေအရ စစ်မှုထမ်းဆောင်နေရတာဖြစ်ပါတယ်။ အခြေခံစစ်သင်တန်းတစ်လကိုတက်ရောက်နေတဲ့ Jimin ဟာ Jungkook နှင့်အတူတူသင်တန်းဆင်းခဲ့ရတာပါ။ သင်တန်းဆင်းပွဲမတိုင်ခင်တစ်ရက်အလိုမှာ အားလပ်ရက်ရတာကြောင့် Jimin ဟာပရိတ်သတ်တွေအတွက် သူ့ရဲ့လက်ရေးစာတိုလေးကိုလာတင်ပေးသွားခဲ့ပါတယ်။

စာထဲမှာ ပရိတ်သတ်တွေကိုလွမ်းနေကြောင်းနှင့် သတိရနေကြောင်းအပြင် တစ်ခြား အဖွဲ့ဝင်တွေနှင့် အမြဲအဆက်အသွယ်ရှိနေကြောင်းကိုပါဖော်ပြထားပါတယ်။ ဒါ့အပြင် Jimin ဟာ Jungkook နှင့်အတူလေ့ကျင့်ရေးကာလကိုကုန်ဆုံးရတာကြောင့် ခက်ခဲမှုမရှိဘဲလေ့ကျင့်ရေးကိုအဆင်ပြေပြေလုပ်နိုင်ခဲ့ကြောင်းကိုပါ ဖော်ပြထားတာပါ။

Jimin ရဲ့စာထဲမှာဖော်ပြချက်တွေအရ Jungkook ဟာတပ်ထဲမှာအတော်လေးနာမည်ကြီးတဲ့အစ်ကိုလိုမျိုးဖြစ်နေပြီးတော့ Jimin ကလည်း Jungkook အပေါ်ကိုအများကြီးမှီခိုခဲ့ကြောင်းသိရပါတယ်။ Jimin နှင့် Jungkook တို့ဟာ မကြာခင်မှာ သူတို့တာဝန်ထမ်းဆောင်ရမယ့်တပ်ခွဲတွေကိုသိရမှာဖြစ်ပြီး အဲ့ဒါကိုသိရတဲ့အချိန် ပရိတ်သတ်တွေကိုစာလာပို့အုံးမယ်ဆိုပြီး ပြောသွားခဲ့တာပါ။
