ဩစတေးလျ၊နယူးဇီလန် နဲ့ တက်စမေးနီးယားကမ်းလွန်ပြင်မှာတွေ့ရတဲ့ငါးမျိုးစိတ်တစ်ခုဖြစ်တဲ့ Blobfishဟာ ၎င်းတို့ရဲ့ထူးခြားတဲ့အသွင်ကြောင့်လူသိများထင်ရှားပါတယ်။အတ္တလန္တတိတ်၊အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာတွေမှာလည်းတွေ့ရပြီး ရေအောက်ပေ ၂၀၀၀ နဲ့ ၃၉၀၀ အကြားမှာနေထိုင်ကြတဲ့ငါးများဖြစ်ကြပါတယ်။ ၎င်းတို့ရဲ့ပုံသဏ္ဍာန်ဟာ ပုံမှန်ငါးများနဲ့မတူဘဲထူးခြားစွာပဲအရုပ်တစ်ရုပ်နဲ့ပင်တူလို့နေပါတယ်

ထူးခြားတဲ့ ဒီငါးတွေမှာကြီးမားသောမေးရိုးကြီးများ၊ပါးလွှာသောအမြီးများနဲ့ရေယက်များပါရှိပါတယ်။ ၎င်းတို့ရဲ့ ပန်းရောင်သန်းနေတဲ့ခန္ဓာကိုယ်ဟာထူထဲတဲ့ကြွက်သားများ၊သန်မာသောအရိုးများပါရှိခြင်းမရှိတာကြောင့် ၎င်းတို့ရဲ့ပုံသဏ္ဍာန်ကိုထိန်းထားရန်ရေဖိအားကို အားကိုကြကာပျော့ပြောင်းသောမှိုတစ်ပွင့်ကဲ့သို့ လှုပ်ရှားကြကြောင်းသိရပါတယ်။အခြားငါးများကဲ့သို့ဓာတ်ငွေ့အိတ်များအပါရှိဘဲခန္ဓာကိုယ်အရေပြားအောက်ရှိဂျယ်လီကဲ့သို့အရေပြားအလွှာတစ်ခုပါရှိကာ ထိုအလွှာဟာရေထက်သိပ်သည်းဆပိုသောကြောင့် ရေမှာလိုအပ်သလိုလှုပ်ရှားနိုင်ကြပါတယ်

သုတေသီတို့ရဲ့ပြောဆိုချက်များအရ Blobfish တွေဟာဥများကိုအစုအဝေးလိုက်ဥကြပြီး ထိုသို့ဥခြင်းကသားပေါက်များကို ရှင်သန်နိုင်ရန်အခွင့်အရေးပိုများကြောင်းဆိုခဲ့ဖူးပါတယ်။ထူးခြားစွာပဲ၂၀၁၃ခုနှစ်မှာတော့ ကမ္ဘာ့ရုပ်အဆိုးဆုံးသတ္တဝါတစ်ကောင်အဖြစ်လည်းသတ်မှတ်ခြင်ခံရပါတယ်။ပုံသဏ္ဍာန်ထူးခြားတဲ့ ဒီငါးတွေ ဟာ ပင်လယ်ရေနက်ပိုင်း ရေအေးဒေသကိုနှစ်သက်ကြသည်နဲ့အညီ ကမ္ဘာကြီးပူနွေးလာမှုဟာ ၎င်းတို့အတွက်များစွာ အန္တရာယ်ရှိနေပါတယ်။ ထို့အတူ ပင်လယ်ရေနက်ပိုင်းငါးဖမ်းလုပ်ငန်းများကြောင့်လဲ အရေအတွက်လျှော့ကျမှုများ ရှိနေကာစနစ်တကျထိန်းသိမ်းရန်လိုအပ်နေပါတယ်
