လာအိုနိုင်ငံ၊ Xiangkhoang ကုန်းပြင်မြင့်အလယ်ပိုင်းလွင်ပြင်ရဲ့အောက်ခြေရှိ တောင်တန်းများဟာကမ္ဘာပေါ်ရှိ ထူးခြားတဲ့နေရာတစ်ခုအဖြစ်ထင်ရှားပါတယ်။ ထိုကုန်းပြင်မြင့် ဟာအင်ဒိုချိုင်းနားရဲ့အဓိကတောင်တန်းကြီးတစ်ခုဖြစ်ကာ အန္နမစ္စကော်ဒီလီရာရဲ့မြောက်ဘက်စွန်းမှာတည်ရှိပါတယ်။ဒီနေရာကြီးရဲ့ထူးခြားမှုမှာ Megalithic ကျောက်အိုးကြီးများဖြစ်ပြီး အိုးများမှာလည်းအနည်းစုမဟုတ်ဘဲရာပေါင်းများစွာစုဝေးနေခြင်းပဲဖြစ်ပါတယ်

ပြင်သစ်နိုင်ငံရဲ့သုတေသီ Madeleine Colani ရဲ့ပြောကြားချက်အရထူးခြားနေသောဒီအိုးကြီးများဟာမြေမြုပ်ခြင်း အလေ့အကျင့်များနဲ့ဆက်စပ်နေကြောင်း၁၉၃၀ မှာဖော်ပြခဲ့ကြပါတယ်။နှစ်များကြာလာသည်နဲ့အမျှ ဂျပန်နိုင်ငံမှရှေးဟောင်းသုတေသနပညာရှင်များရဲ့တူးဖော်မှုမှ လူရုပ်ကြွင်း အကြွင်းအကျန်များ၊ သင်္ချိုင်းပစ္စည်းများနဲ့ ကြွေထည်ပစ္စည်းများကိုအိုးကြီးများတစ်ဝိုက်မှာတွေ့ရကြောင်းသိရပါတယ်။ ဒဏ္ဍာရီလာစကားများအရ ကြီးမားတဲ့ဒီကျောက်အိုးကြီးတွေဟာထိုဒေသကို အုပ်ချုပ်ခဲ့တဲ့ခွန်ချိုင်းဘုရင် ကြီးမှတိုက်ပွဲများအောင်မြင်ချိန်မှာ အောင်ပွဲခံရန်အတွက် အရက်များသိုလှောင်ရန် ဖန်တီးစေခဲ့ကြောင်းသိရ ပါတယ်

ထူးခြားတဲ့ဒီရှေးဟောင်းကျောက်အိုးကြီးများရဲ့ဒဏ္ဍာရီကိုတိကျစွာမသိရသော်လည်း ဘီစီ ၆၆၀ မှ ၁၂၄၀ အစောပိုင်း ကာလတွေမှာထားရှိခဲ့တဲ့ကျောက်အိုးကြီးများဖြစ်ကြောင်း ပညာရှင်တို့ခန့်မှန်းထားကြပါတယ်။ ထိုမျှမကကြီးမားတဲ့ကျောက်အိုးကြီးများဟာ အရှေ့တောင်အာရှရဲ့အရေးအကြီးဆုံးသမိုင်းဝင်နေရာများထဲမှ နေရာတစ်ခုဆိုလည်းမမှားပါဘူး။ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ဒီနေရာကို ယူနက်စကိုရဲ့ကမ္ဘာ့ အမွေ အနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ရန်အတွက်လည်းလျှောက်ထားခဲ့ကြပါတယ်။ သို့ပေမယ့်စိတ်မကောင်းစရာမှာဒီနေရာကြီးဟာ ၁၉၆၀ ခုနှစ်လျှို့ဝှက်စစ်ပွဲများရဲ့ကျန်ရှိနေဆဲဖြစ်တဲ့ လက်နက်အချို့ကြောင့်ယနေ့ အချိန်အထိဒဏ်ရာရရှိမှုများရှိနေကာအန္တရာယ်ရှိတဲ့ ရှေးဟောင်းနေရာများထဲမှတစ်ခုအဖြစ်သတ်မှတ်ခြင်းလည်းခံထားရပါတယ်။ဒါပေမယ့်ထူးခြားတဲ့ဒီနေရာဟာလူတွေစိတ်ဝင်စားမှုများစွာလည်းရှိနေပါတယ်
