ကနေဒါနိုင်ငံမှရေကန်ကြီးဟာ အခြားကန်များနဲ့မတူဘဲဘာကြောင့်ထူးဆန်းနေတာလဲ?

//s9.kh1.co/d9/d9a4a7ff3e211edc14bf7fb5f7bcf26ba0dbc5e1.jpg
MPT

 ၁၃-ဇန်-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ကနေဒါနိုင်ငံမှရေကန်ကြီးဟာ အခြားကန်များနဲ့မတူဘဲဘာကြောင့်ထူးဆန်းနေတာလဲ?

ကမ္ဘာပေါ်မှာရှိတဲ့ထူးခြားတဲ့နေရာများစွာမှာ မြစ်ချောင်းများပါသလို ရေကန်တွေလဲပါဝင်နေပါတယ်။ ထိုရေကန် များမှာမှကနေဒါနိုင်ငံက Spotted Lake အမည်ရ‌ရေကန်ကြီးဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အမည်နဲ့လိုက်ဖက်စွာပင်ထူးခြားနေတဲ့ဒီကန်ကြီးဟာဆန်းပြားသောအကွက်များနဲ့ကွယ်ဝှက်ထားတဲ့သိပ္ပံစိတ်ကူးယဉ်ဆန်ဆန်ရေကန်ကြီးတစ်ခုဆိုလည်းမမှားပါဘူး။ဒီထူးခြားနေသောရေကန်ကြီးဟာလှပနေရုံမျှမက ထူးခြားသောရာဇဝင်များနဲ့လည်းပြည့်နေပါတယ်။သတ္တုဓာတ်မျိုးစုံကြွယ်ဝတဲ့ရေကန်ကြီးတစ်ခုဖြစ်တဲ့Spotted Lake မှာမဂ္ဂနီဆီယမ်ဆာလဖိတ်၊ ကယ်ဆီယမ် နဲ့ ဆိုဒီယမ်ဆာလဖိတ်တို့လည်းပါဝင်နေကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/a3/a36b7a57d88fce93a93a2d3442f217b8336fedcc.jpg

ထိုမျှမကဘဲ အခြားသောဓာတ် ၈မျိုးပါဝင်ပြီးငွေနဲ့ တိုက်တေနီယမ်အနည်းငယ်လည်းပါဝင်ပါတယ်။ မြေအောက်စမ်းချောင်းများ၊ဆီးနှင်းအရည်ပျော်မှုများမှရေအရင်မြစ်ရရှိတဲ့ဒီရေကန်းကြီးဟာ ရာသီဥတုပူပြင်းလာချိန်မှာတော့ ရေငွေ့ပျံမှုများလာပြီးထူးခြားသောစက်ဝိုင်းပုံအကွက်များဖြစ်ပေါ်လာကြောင်းသိရပါတယ်။ထိုဖြစ်ပေါ်လာသောစက်ဝိုင်းကွက်တစ်ကွက်ခြင်းစီရဲ့အရောင်ကိုကြည့်ကာစုဝေးနေသော ဓာတ်များကို ခန့်မှန်းနိုင်ကြောင်းပညာရှင်တို့ဆိုကြပါတယ်။ အစိမ်းရောင်အဝိုင်းအကွက်များဟာမဂ္ဂနီဆီယမ်ဆာလဖိတ်နဲ့ ကယ်ဆီယမ်ကာဗွန်နိတ်များကြောင့်ဖြစ်ပေါ်လာပြီး အပြာရောင်အဝိုင်းအကွက်များဟာတော့ မဂ္ဂနီဆီယမ်ဆာလဖိတ်များကြောင့်ဖြစ်ပေါ်လာကြောင်း လေ့လာသူပညာရှင်တို့ရဲ့ ပြောကြားချက်များအရသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/62/62d8795b71a8fe83a8fec10f2b5e0768c9e44cad.jpg

ထူးခြားနေတဲ့Spotted Lake ကြီးဟာ ၁၉၁၀ခုနှစ်များအတွင်း ပထမကမ္ဘာစစ်အတွင်းမှာ လည်းစစ်ပွဲအတွက်ခဲယမ်းထုတ်လုပ်ရာတွင်လည်းများစွာအသုံးပြုနိုင်ခဲ့ကြောင်းသိရပါတယ်။ထိုမျှမက ရေကန်အတွင်းမှရေများကို Spa လုပ်ငန်းများအတွက်လည်းဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ်အသုံးပြုကြမှုများလည်း ရှိကြောင်းသိရပါတယ်။ယဉ်ကျေးမှုဆိုင်ရာအရေးပါရုံမျှမကဘူမိဗေဒဆိုင်ရာသိပ္ပံနည်းကျလေ့လာမှုများအတွက်အရေးပါတဲSpotted Lakeဟာယနေ့အချိန်မှာတော့ ဂေဟစနစ်အရထိခိုက်လွယ်သောနေရာတစ်ခုဖြစ်လာရပါတယ်။ ဒါ့ကြောင့်ပဲရေကန်ကြီးကို  ခြံစည်းရိုး များခတ်ကာ ကာကွယ်မှုများပြုလုပ်ထားကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/9c/9c51890f7655f616eef0394be88c108a66fe5335.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T