မီးလျှံတစ်ရဲရဲတောက်လောင်နေသော ငရဲတံခါးပေါက်ကြီး

//s9.kh1.co/95/95080b98a39be414e7f9af344b287d1b500d2355.jpg
MPT

 ၁၀-ဇန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ နှစ် က

မီးလျှံတစ်ရဲရဲတောက်လောင်နေသော ငရဲတံခါးပေါက်ကြီး

Door to Hell သို့ Gates of Hell အမည်ရငရဲတံခါးပေါက်ကြီးဟာ တာခ့်မင်နစ္စတန်မြို့တော် Ashgabat ရဲ့မြောက်ဘက်၂၆၀ကီလိုမီတာရှိ Karakum သဲကန္တာရအလယ်မှာရှိပါတယ်။ Darvaza ဓာတ်ငွေ့မီးတောင်ဟုလည်းလူသိများတဲ့ ဒီမီးတောင်ကြီးဟာလွန်ခဲ့သော၁၉၈၀ နောက်ပိုင်းနှစ်များမှာ မီးများစတင်လောင်ကျွမ်းခဲ့ပြီး မီးတောင်ကြီးရဲ့ထိပ်ဝဟာလည်း သဘာဝဓာတ်ငွေ့များနဲ့လင်းထိန်နေပါတယ်။ထိုမီးညွှန့်မီးလျှံများတောက်လောင်နေသော မီးတောင်ကြီးဟာဘယ်အချိန်မှာပေါက်ကွဲမယ်ဆိုတာကိုတော့ဘယ်သူမှအတိအကျမသိနိုင်သေးပါဘူး

https://s9.kh1.co/__image/w=650,h=342,q=100/87/876aee303c9b9856423ce1786083986f1826b928.jpg

Gates of Hell မီးတောင်ကြီးရဲ့အစောပိုင်းမှတ်တမ်းများမရှိခြင်းဟာလည်း ထိုမီးတောင်ကြီးရဲ့အကြောင်းကို လေ့လာသူ ဘူမိဗေဒပညာရှင်တို့အတွက်အခက်အခဲတစ်ခုဖြစ်စေပါတယ်။ အချို့သောဘူမိဗေဒပညာရှင်တို့ကမူ ၁၉၆၀ နှစ်များမှာမီးတောင်ပြိုကျမှုများရှိခဲ့ကြောင်းအခိုင်အမာဆိုထားပါတယ်။ ထိုမီးတောင်ပြိုခြင်းကြောင့် အန္တရာယ်ရှိသော အဆိပ်ဓာတ်ငွေ့များထုတ်လွတ်ခြင်းမှကာကွယ်ရန် ၁၉၈၀ နောက်ပိုင်းမှာပညာရှင်များမှမီးရှို့ခဲ့ကြကြောင်းလည်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/7f/7f3b911861f37b63855d4a612d3af1895708541f.jpg

၂၀၂၂ မှာ သဘာဝပတ်ဝန်းကျင်နဲ့ဒေသန္တရကျန်းမာရေး လုပ်ငန်းများအပေါ်ဆိုးရွားသောသက်ရောက်မှုများ ရှိသဖြင့်မီးတောင်ကိုငြိမ်းသက်ရန်အစီအစဉ်များရှိခဲ့ပေမယ့်အကြောင်းအမျိုးမျိုးကြောင့်ဆက်လက်လောင်ကျွမ်းနေခဲ့ကြောင်းသိရပါတယ်။ကမ္ဘာပေါ်တွင်ဆဌမအကြီးဆုံးဓာတ်ငွေ့သိုက်ကြီးဟုတင်စားရသော Turkmenistan ရဲ့ထိုဒေသကြီးဟာစိမ်းစိုသောရှုခင်းများနဲ့ထူးခြားနေပါတယ်။ ထိုမီးညွှန့်မီးလျှံများတောက်လောင်နေသောမီးတောင်ကြီးဟာ မြင်ရသူတို့အဖို့သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းအတွင်းရောက်ရှိသွားသကဲ့သို့ခံစားရစေနိုင်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/58/5846003677a5562b5094364e6ea73480ca975cc3.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T