တစ်ကိုယ်တော်အခွေအတွက် အမေရိကကိုရောက်နေပုံပေါ်တဲ့ Jennie

//s9.kh1.co/78/78db1b78151fc5dcc4a9c1ab8e789f7c613db1f3.jpg
MPT Korea Celebrity

 ၁၀-ဇန်-၂၀၂၄ ၉am · လွန်ခဲ့သော ၂ နှစ် က

တစ်ကိုယ်တော်အခွေအတွက် အမေရိကကိုရောက်နေပုံပေါ်တဲ့ Jennie

ဂျင်းနီဟာ မကြာသေးခင်က သူ့ရဲ့အင်စတာဂရမ်ကနေတစ်ဆင့် အမေရိကရောက်နေကြောင်းစတိုရီတစ်ခုတင်လာခဲ့ပါတယ်။ တင်ပြီးသိပ်မကြာခင်မှာ ပြန်ဖျက်လိုက်ပေမဲ့ မျက်စိလျင်တဲ့ပရိတ်သတ်တွေကတော့ ဂျင်းနီအနေနှင့်တစ်ကိုယ်တော်သီချင်းခွေထုတ်ဖို့အတွက် အမေရိကကိုရောက်နေတာဖြစ်ကြောင်းရိပ်မိသွားကြပါတယ်။

https://s9.kh1.co/__image/w=650,h=1166,q=100/f3/f3a46106efd5cc7cd7d37a26798aaa07dee1c742.jpg

အကြောင်းကတော့ ဂျင်းနီတင်ထားတဲ့ပုံဟာ ကယ်လီဖိုးနီးယားမှာရှိတဲ့နာမည်ကြီးစတူဒီယိုတစ်ခုဖြစ်ပြီးတော့ ပုံထဲမှာပါဝင်တဲ့ James Fauntleroy ဆိုတဲ့သူကလည်းနာမည်ကြီးတေးရေးဖြစ်နေတာကြောင့်ပါ။ James လို့ခေါ်တဲ့ ဒီသီချင်းရေးသူဟာနာမည်ကြီးအဆိုတော်တွေအများကြီးအတွက်သီချင်းရေးပေးဖူးတဲ့သူပါ။ 

https://s9.kh1.co/__image/w=650,h=762,q=100/da/dab0b077670f40504d102359dfd70d567e0a7938.jpg

James  ကိုယ်တိုင်ကလည်း သူ့ရဲ့အင်စတာဂရမ်ကနေ Studio ကိုရောက်နေကြောင်းပုံထပ်တင်လိုက်တာမို့ ပရိတ်သတ်တွေရဲ့ယူဆချက်ဟာမှန်ကန်ဖို့များပါတယ်။ တစ်ကယ်လို့ Jennie အနေနှင့်တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်လာမယ်ဆိုရင်တော့ Y
G ကနေထွက်ပြီးနောက်ပိုင်း ကိုယ်ပိုင်ကုမ္မဏီလက်အောက်ကနေထွက်လာမယ့်ပထမဆုံးအယ်လ်ဘမ်ဖြစ်လာမှာပါ။ 

https://s9.kh1.co/__image/w=650,h=833,q=100/f9/f901d928b22b54f49ba85b8261948a554f51234a.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T