တောင်ကိုးရီးယားရဲ့မော်ဒယ်လောကဟာ အခုဆိုရင်အနောက်နိုင်ငံတွေကိုပါဝင်တိုးလာနိုင်တဲ့အထိ ကျယ်ပြန့်လာခဲ့ပါပြီ။ မကြာသေးခင်က ဆိုရှယ်မီဒီယာတွေမှာ နေရာတွေမှာ Catwalk လျှောက်နေတဲ့ မော်ဒယ်ကောင်မလေးရဲ့ ဗီဒီယိုတွေဟာ နာမည်ကြီးရေပန်းစားလာခဲ့ပါတယ်။

အဲ့ဒီ့ကောင်မလေးဟာ အသက် (၁၄) အရွယ်ပဲရှိသေးတာဖြစ်ပြီး 2009 ဖွားဖြစ်ပါတယ်။ Oh Pyeong Hwa လို့ခေါ်တဲ့ဒီကောင်မလေးဟာ YG KPlus ရဲ့မော်ဒယ်သင်တန်းသားတစ်ယောက်ဖြစ်ပြီးတော့ မကြာသေးတဲ့ 2023 Seoul Fashion Week မှာမှ စတင် Catwalk လျှောက်ပွဲဦးထွက်ခဲ့တဲ့သူပါ။

အရပ် ငါးပေဆယ်လက်မရှိပြီး မာန်ပါတဲ့လမ်းလျှောက်ပုံတွေကြောင့် Oh Pyeong Hwa ဟာလူထုရဲ့စိတ်ဝင်စားမှုကိုအများကြီးခံယူနေရတာပါ။ Netizen တွေကတော့ "၁၄ နှစ်ဆိုတာ မယုံနိုင်စရာပဲ" " Runway လျှောက်ဖို့မွေးဖွားလာပုံပဲ" " သေချာပေါက်အောင်မြင်တဲ့ မော်ဒယ်ဖြစ်လာမယ်ထင်တယ်" ဆိုတဲ့မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။
