Hawaiiကျွန်းရှိ Haʻikū Stairs အမည်ရှိတောင်တက်လမ်းတစ်ခုဟာ ထူးခြားသောတောင်တက်လှေကားများ၊တောင်ပေါ်ရှုခင်းများကြောင့် လူသိများထင်ရှားပါတယ်။တောင်တက်လှေကားထစ်ပေါင်း ၃၉၀၀ ကျော်ဖြင့် တည်ဆောက်ထားသောတောင်တက်လမ်းကြီးကိုတော့ ၁၉၄၂ ခုနှစ်မှာစတင်တည်ဆောက်ခဲ့ကြောင်းသိရပါတယ်။ ထိုကြီးကျယ်ခမ်းနားသောတောင်တက်လမ်းကြီးဟာတောင်တက်သူတို့ကို ဟာလှပသောတောင်ပေါ်ရှုခင်းတွေဆီခေါ်ဆောင်သွားနိုင်ပေမဲ့ စိတ်မကောင်းစရာမှာ ထိုတောင်တက်လမ်းကြီးဟာ ခရီးသွားတွေ အတွက်တော့မဟုတ်ပါဘူး

ထူးခြားစွဲဆောင်မှုရှိတဲ့ဒီတောင်တက်လှေကားကြီးဟာခရီးသွားလုပ်ငန်းများအတွက်မဟုတ်ဘဲနိုင်ငံအတွက်လိုအပ်ချက်များကြောင့်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုတောင်တက်လှေကားကြီးများကို Haʻikū ရေဒီယို စခန်းမှရေဒီယိုအချက်ပြမှုများကို ပစိဖိတ်သမုဒ္ဒရာအတွင်းရှိရေတပ်သင်္ဘောများသို့ အချက်အ လက် များပေးပို့နိုင်ရန်တည်ဆောက်ခဲ့ကြောင်းသိရပါတယ်။ထိုကဲ့သို့မြင့်များသောတောင်တန်းကိုအသုံပြုခြင်းမှာ Antennae အတွက်လိုအပ်သော အမြင့်ကိုရရှိနိုင်သောကြောင့်ဖြစ်ကြောင်းလည်းသိရပါတယ်

အဆိုပါလှေကားများကို နိုင်ငံအတွက်လိုအပ်သောလုပ်ငန်းများလုပ်ဆောင်ရာမှာ တောင်တက်လမ်းအဖြစ် အသုံးပြုခဲ့သော်လည်း အများသူငှာနဲ့ခရီးသွားလုပ်ငန်းများအတွက်တော့ဖွင့်လှစ်ပေးခဲ့ခြင်းမရှိပါဘူး။ ၁၉၇၀ ခုနှစ်များမှာ ပြည်သူများအားဝင်ရောက်ခွင့်ပြုခဲ့ပေမဲ့လာရောက်လည်ပတ်သူများပြားလာကာ၁၉၈၇ မှာပြန်လည်ပိတ်ပင်ခဲ့ကြကြောင်းသိရပါတယ်။ တာဝန်ရှိသူများမှ ကျူးကျော်ခြင်းမပြုရန်ဆိုင်ဘုတ်များကပ် ထားသော်လည်း အချို့သောတောင်တက်သူများမှာတော့လစ်လျူရှုကာဖြင့် တက်ရောက်ကာတောင်ပေါ် ရှုခင်းများကိုခံစားလျှက်ရှိပါတယ်





