ရေစီးကြောင်းပေါင်းစပ်ခြင်းမရှိသော အမေဇုန်တောအတွင်းမှမြစ်နှစ်စင်း

//s9.kh1.co/a6/a6b418ac2869d9cdf2f5ac4d9a372ddb37f79ea7.jpg
MPT

 ၀၃-ဇန်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ နှစ် က

ရေစီးကြောင်းပေါင်းစပ်ခြင်းမရှိသော အမေဇုန်တောအတွင်းမှ မြစ်နှစ်စင်း

အမေဇုန်သစ်တောကြီးဟာများစွာသောဇီဝမျိုးစုံမျိုးကွဲများစွာနဲ့ထူးခြားနေတဲ့နေရာတစ်ခုအဖြစ်လူသိများကာ လေ့လာသူပညာရှင်များအကြားရေပန်းစားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ထူးခြားမှုများစွာရှိနေတဲ့ဒီ သစ်တောကြီးမှာ ဆေးဖက်ဝင်အပင်များ၊ မြစ်များချောင်းများလည်းရှိနေပါတယ်။ ထိုအထဲမှာRio Negro နဲ့ Rio Solimões မြစ်များဟာလည်းအမေဇုန် မိုးသစ်တောကြီးရဲ့ထူးခြားမှုများစွာထဲမှတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/e7/e7444aed24756a2178789a82de71004737e621e7.jpg

စီးဆင်းလာသောမြစ်နှစ်ခုမှာ စီးဆင်းလာသောနေရာဒေသမတူသလို ရေအရောင်လည်းမတူကြပါဘူး။ ထူခြားမှုမှာ မိုင်ပေါင်း ၄၀၀၀ကျော်ရှည်လျားတဲ့ထိုမြစ်ကြီးနှစ်စင်းမဟုတ်ဘဲ မြစ်ကြီးနှစ်စင်းဆုံးရာရေလမ်းကြောင်းပဲဖြစ်ပါတယ်။ ကိုယ်ပိုင်ရေစီးကြောင်းကိုစီနဲ့ စီးဆင်းလာတဲ့ဒီမြစ်ကြီးနှစ်ခုရဲ့ဆုံရာမှာရေစီးကြောင်းဟာ လုံးဝပေါင်းစပ်သွားခြင်းမရှိဘဲသီးခြားစီနဲ့ ထူးခြားနေပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/a4/a4a48cd3f810c393b0c1ef0360576047103256d9.jpg

Meeting of the Waters လို့လူသိများတဲ့ ဒီမြစ်ဆုံဒေသဟာ ဆိုရင်တော့ မြစ်နှစ်စင်းကြားရှိပြတ်သားစွာ ခြားနားမှုကိုပြသနေတဲ့ဒဏ္ဍာရီဆန်ဆန်နေရာတစ်ခုဆိုလည်းမမှားပါဘူး။ထိုကဲ့သို့ဖြစ်ပေါ်ခြင်းမှာ စီးဆင်းလာသော ရေတို့ရဲ့အပူချိန်ကွာခြားမှု၊ ရေတွင်ပျော်ဝင်နေသောအနည်အနှစ်များ ကွာခြားမှုတို့ကြောင့် ဖြစ်နိုင်ကြောင်းပညာရှင် တို့သုံးသပ်ကြပါတယ်။အမေဇုန်မှာကြီးကျယ်ခမ်းနားသောရှုခင်းများစွာရှိသည့်အနက် Meeting of Waters အမည်ရ မြစ်ဆုံကြီးဟာ မလှပပေမဲ့ထူးခြားနေတဲ့ နေရာတစ်ခုအဖြစ်အမေဇုန်အတွင်း လာရောက်လည်ပတ်သူများအတွက် မသွားမနေ သွားဖြစ်နေတဲ့နေရာတစ်ခုဖြစ်လာသည်အထိထင်ရှားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/07/0756d0ca04ce10bdd61da7acdfc67fb3f14d7af7.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T