ထူးခြားသောအသွင်ကို ပိုင်ဆိုင်ထားပြီး ဆေးဖက်ဝင်သော Dragon's Blood (နဂါးသွေး)အပင်များ

//s9.kh1.co/3b/3b36b712f2d83bf13e3b3182ef876bd863325977.jpg
MPT

 ၀၃-ဇန်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ထူးခြားသောအသွင်ကို ပိုင်ဆိုင်ထားပြီး ဆေးဖက်ဝင်သော Dragon's Blood (နဂါးသွေး)အပင်များ

အိန္ဒိယသမုဒ္ဒရာ Socotra ကျွန်းစုများတွင်သာတွေ့ရသော Dragon's Blood များဟာ၎င်းတို့ရဲ့ထူးခြားတဲ့ပုံသဏ္ဍာန်ကြောင့်လူသိများထင်ရှားပါတယ်။ ထိုအပင်ရဲ့ပုံသဏ္ဍာန်ဟာထီးပုံရှိပြီး အပင်မှထွက်ရှိသောအနီရောင်အစေးများကြောင့် Dragon's Blood ဟုအမည်တွင်ခဲ့ပါတယ်။၁၈၃၅ ခုနှစ်မှာ East India Company မှ Lieutenant Wellsted ဦးဆောင်သော အဖွဲ့မှ ဆိုကိုထရာ ရှိအပင်များကိုစစ်တမ်းကောက်ယူခဲ့ရာမှ Dragon's Blood များကို ပထမဆုံးဖော်ပြချက်များထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/5c/5ca3a0fbeb16094a23527727e0d8d6618ecd3e0a.jpg

 မူလအစတွင်မြေထဲပင်လယ်တစ်ဝိုက်မှာဆိုးဆေးအဖြစ်အသုံးပြုခဲ့ကြတဲ့ နဂါးသွေးအပင်များဟာဆေးဖက်ဝင် အပင်များလည်းဖြစ်ကြပါတယ်။ဒီအပင်ရဲ့အမြစ်၊အရွက်တို့ကို ယားယံပျောက်ဆေး၊ ခံတွင်းသန့်စင်ဆေး ၊ဝမ်းနှုတ်ဆေး၊ဒူလာရောဂါကုဆေးများအပြင်များစွာသောဆေးဝါးဖော်စပ်ခြင်းတွေမှာအသုံးပြုနေကြကြောင်းသိရပါတယ်။ ရှေးခေတ်ထုံးတမ်းစဉ်လာများအရ မှော်အဂ္ဂိရတ်ပညာများတွင်ပင်အသုံးပြုခဲ့ကြတဲ့ Dragon's Blood တွေဟာ ရှေးခေတ်ကမ္ဘာအတွက်အလွန်အဖိုးတန်သကဲ့သို့ လက်ရှိမျက်မှောက်ခေတ် အတွက်လည်းများစွာ အကျိုးပြုနေဆဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/b4/b42f67cb6f7364497ec90452dc37dd76a2716d83.jpg

Socotra ကျွန်းပေါ်သို့လူရောက်ရှိမှု ပေါများလာခြင်း၊ ကျယ်ပြန့်စွာသုံးစွဲလာခြင်းနဲ့ ကမ္ဘာကြီးပူနွေး လာခြင်းတို့ကြောင့် နဂါးသွေးအပင်များ ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ကြောင်းသိရပါတယ်။ Socotra ရှိအခြား သစ်ပင်ပန်းမန်များနဲ့အတူကြီးထွားလာတဲ့ နဂါးသွေးအပင်တွေဟာမြောက်အာဖရိကရဲ့ ကျယ်ပြန်တဲ့ သဲကန္တာရကြောင့် ယခုအခါမျိုးသုဉ်းလုနီးပါးဖြစ်နေပြီဖြစ်ကြောင်းလည်းပညာရှင်တို့ဆိုထားပါတယ်။ ထို့အပြင် ယခုလက်ရှိကျန်ရှိနေသောအပင်များဟာ သစ်တောများရဲ့အကြွင်းအကျန်များသာဖြစ်ကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/77/771da5600e580597bafb4ed7db74cc17ec6a7498.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T