Lisa ဟာလက်ရှိအချိန် တစ်ကိုယ်တော်အလုပ်ကိုဘယ်အေဂျင်စီနှင့်လုပ်ကိုင်မယ်ဆိုပြီး သတင်းတွေမထွက်သေးတဲ့သူဖြစ်ပါတယ်။ အဖွဲ့ဝင်တွေထဲမှာ ဂျင်းနီနှင့် ဂျီဆိုးကတော့ ကိုယ်ပိုင်အေဂျင်စီတွေကနေတစ်ဆင့် တစ်ကိုယ်တော်အလုပ်တွေကိုလုပ်ကိုင်သွားမှာဖြစ်ပြီး လီဆာနှင့် ရို့စ်ကတော့ သတင်းထွက်လာတာမရှိသေးပါဘူး။



၂၀၂၃ ကိုနှုတ်ဆက်တဲ့ပို့စ်အနေနှင့် လီဆာဟာအားလပ်ရက်ကမ်းခြေရောက်အမိုက်စားဓာတ်ပုံလေးတွေကို "၂၀၂၃ ကတော့ မမေ့နိုင်စရာပဲ" ဆိုတဲ့ စာသားလေးနှင့်တင်လာခဲ့ပါတယ်။ ပုံတွေထဲမှာ လီဆာဟာအမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းကိုဖော်ပြနေတဲ့ ဘီကီနီဝတ်စုံလေးတွေနှင့်လှနေတာဖြစ်ပါတယ်။


