ပေ၁၆၀နီးပါးအထိရေငုပ်နိုင်ကာ တစ်နာရီလျှင်မိုင် ၅၀ကျော်ပျံသန်းနိုင်သောပင်လယ်ကြက်တူရွေးများ

//s9.kh1.co/22/2250417764618516e5699f1f0b4ea2e5506b202c.jpg
MPT

 ၀၃-ဇန်-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ပေ၁၆၀နီးပါးအထိရေငုပ်နိုင်ကာ တစ်နာရီလျှင်မိုင် ၅၀ကျော်ပျံသန်းနိုင်သောပင်လယ်ကြက်တူရွေးများ

Atlantic puffin အမည်ရှိတဲ့ငှက်မျိုစိတ်ဟာ ပင်လယ်ငှက်များအနက်မှထူးခြားတဲ့ငှက်မျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာမှာပေါက်ဖွားခဲ့တဲ့ တစ်ခုတည်းသော Puffin မျိုးစိတ်ဖြစ်ပြီး အခြားမျိုးစိတ်များနဲ့အတူ ပစိဖိတ်သမုဒ္ဒရာအရှေ့မြောက်ပိုင်းနဲ့ အခြားဒေသတွေမှာလည်းတွေ့ရပါတယ်။ ထူးခြားသောအသွင်နဲ့ လှပသောအရောင်ခြယ်စနစ်ကိုပိုင်ဆိုင်ထားတဲ့အမွေးအတောင်များဟာ ပင်ဂွင်းများနှင့်ဆင်သော်လည်းပိုမိုချစ်စရာကောင်းပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/7d/7d998f590ae1be54d3c828549a82c97b749040ad.jpg

အမွေးအတောင်များမှာ လှပသောအရောင်အဆင်းရှိသော်လည်းထူးခြားစွာရေဒဏ်ခံနိုင်ကြပါတယ်။ ရေအောက်မှာ ၎င်းတို့ရဲ့ရေဒဏ်ခံနိုင်ပြီးထူးခြားသောအတောင်ပံများကို ရေယက်သဖွယ်လှုပ်ရှားကာ ရေငုပ်ခြင်း ရေကူးခြင်းတို့ကို လုပ်ဆောင်လေ့ရှိကြပြီး ငါးငယ်များ၊ဂဏာန်းငယ်များကိုဖမ်းယူစားသောက်တတ်ကြပါတယ်။ငှက်လေ့လာစောင့်ကြည့်သူတို့ကမူ ရေမျက်နှာပြင်တွင်သာမက ရေအောက် ပေ၁၆၀နီးပါးအထိရေငုပ်နိုင်သော အကောင်းမွန်ဆုံးရေငုပ်သမားများဖြစ်ကြောင်းပြောဆိုကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/41/4118548e9d3a81a75956b0fc9193ea2f87967ec4.jpg

သေးငယ်ပြီးချစ်စရာကောင်းသော ပင်လယ်ကြက်တူရွေးများဟာရေမှာကျွမ်းကျင်ရုံမျှမက ပင်ဂွင်းငှက်များနဲ့ကွဲလွဲစွာ လေမှာပါလျှင်မြန်စွာပျံသန်းနိုင်ကြောင်းသိရပါတယ်။ ငှက်လေ့လာသူကျွမ်းကျင်ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်များအရ ပင်လယ်ကြက်တူရွေးများဟာ ထင်မှတ်မထားစွာပင် တစ်နာရီလျှင်မိုင် ၅၀ ကျော် အထိပျံသန်းနိုင်ကြောင်းသိရပါတယ်။ချစ်စရာပင်လယ်ငှက်ကလေးများဟာ အရေအတွက်လျှင်မြန်စွာ ကျဆင်းမှုများရှိနေသည့်အတွက် နောင်အချိန်မှာရှားပါးမျိုးစိတ်ဖြစ်လာနိုင်ကြောင်းလည်းခန့်မှန်းထားကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/ea/ea559b108420acb0c08f1f1d4b3682452a357615.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T