ကမ္ဘာပေါ်မှာဉာဏ်ရည်မြင့်တဲ့ငှက်မျိုးစိတ်လို့ကြားရင်တော့ ကြက်တူရွေး၊သာလိကာ တို့ကိုမျက်စိထဲမြင်မယ်ထင်ပါတယ်။ Blue jays လို့ခေါ်တဲ့ငှက်ငယ်လေးတွေဟာ မြောက်အမေရိကတိုက် အရှေ့ပိုင်းတွင်တွေ့စတင်ပေါက်ဖွားခဲ့တဲ့ငှက်များပဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်း၊ အလယ်ပိုင်းတို့မှာအများဆုံးတွေ့ရပြီး အချို့သောအရှေ့ပိုင်းဒေသများမှာ လည်းရွှေ့ပြောင်းငှက်များအဖြစ် တွေ့ရပါတယ်။ထူးခြားစွာပဲသေးငယ်ပြီး ချစ်စရာကောင်းတဲ့ အပြာရောင်ငှက်ကလေးတွေဟာတော့ ကမ္ဘာပေါ်ရှိဉာဏ်အကောင်းဆုံးငှက်မျိုးစိတ်များထဲမှတစ်မျိုးပဲဖြစ်ပါတယ်

jay jay ဟူသောအသံဖြင့်လူသိများကာ ဉာဏ်ရည်ထက်မြတ်ရုံမျှမကဘဲ အပြာရောင်၊ အနက်ရောင်၊အဖြူရောင် တို့ကို လှပစွာပေါင်းစပ်ထားသော အမွေးအတောင်များနဲ့လူအများရဲ့အာရုံကိုဖမ်းစားထားကြပါတယ်။ Blue jays လေးတွေဟာ ထူးခြားစွာအခြားငှက်များများရဲ့အသံကိုတုပနိုင်ပြီး သိမ်းငှက်များရဲ့အသံကိုပင်တုပတတ်ကာ သားကောင်ကိုလှည့်စားတတ်ပါတယ်။ အခြားငှက်များရဲ့အသိုက်များကိုပင်ဝင်ရောက်ကာ ဥများနဲ့သားပေါက်များကိုပင်ရန်ရှာတတ်တဲ့သေးငယ်သော သားရဲများလည်းဖြစ်ကြပါတယ်။ သို့သော်ရံဖန်ရံခါမှာတော့အခွံမာသီး များကိုစားသောက်တတ်ကြတာကိုတွေ့ရပါတယ်

သဘာဝအတိုင်အုပ်စုငယ်ဖြင့်သာနေထိုင်ကြသော Blue jays များဟာ ဆောင်းရာသီပြောင်းရွှေ့ချိန်မှာတော့ များစွာသောအစုအဝေကြီးများဖြင့်ပြောင်းရွှေ့တတ်ကြောင်းသိရပါတယ်။အချို့သော အုပ်စုများမှာ ပြောင်းရွှေ့ ခြင်းမရှိပဲနေမြဲ နေတတ်ကာ ပြောင်းရွှေ့ခြင်းကိုလည်းနှစ်တိုင်လုပ်ဆောင်ခြင်းမရှိသောငှက်အမျိုးအစားများဖြစ်ကြောင်း ငှက်လေ့လာစောင့်ကြည့်သူပညာရှင်များကဆိုကြပါတယ်။ ထို့အံဩဖွယ်ကောင်းအောင် ထူးခြားသောပြောင်းရွှေ့မှုကို သိပ္ပံပညာရှင်များပင်အပြည့်အဝနားလည်နိုင်ခြင်းမရှိရကြောင်းလေ့လာသူပညာရှင်တို့ရဲ့ပြောကြားချက်များအရသိရပါတယ်




