ထွက်ရှိတာ ဆယ်နှစ်ကျော်ကြာသွားခဲ့ပေမဲ့ မှတ်တမ်းကောင်းတွေတင်နေဆဲဖြစ်တဲ့ ဂန်းနမ်စတိုင် သီချင်း

//s9.kh1.co/27/271d22e0514567019774435162730d6070f54ee3.jpg
MPT Korea Celebrity

 ၀၁-ဇန်-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ထွက်ရှိတာ ဆယ်နှစ်ကျော်ကြာသွားခဲ့ပေမဲ့ မှတ်တမ်းကောင်းတွေတင်နေဆဲဖြစ်တဲ့ ဂန်းနမ်စတိုင် သီချင်း

 PSY ရဲ့  Gsngnam Style သီချင်းဟာ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့သီချင်းတစ်ပုဒ်ပါ။ စတင်ထွက်ရှိကတည်းက တောင်ကိုးရီးယားနိုင်ငံတွင်းမှာတင်မကဘဲ နိုင်ငံတကာမှာပါအတော်လေးပေါက်ခဲ့တဲ့သီချင်းပါ။ သီချင်းစာသားနှင့်သံစဥ်တွေဟာ နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာမြင့်နေပေမဲ့ အခုချိန်ထိလူတွေရဲ့သည်းခြေကြိုက်သီချင်းဖြစ်နေဆဲပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/1d/1dfe1dc924d4b8b5931046e794f3920b4aa08197.jpg

PSY ရဲ့ အသက် ၄၆ နှစ်ပြည့်မွေးနေ့မရောက်ခင် တစ်ရက်အလိုမှာတင် ဂန်းနမ်စတိုင်သီချင်းဟာ ကြည့်ရှုသူ ငါးဘီလီယံ နီးပါးရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီမှတ်တမ်းဟာ တောင်ကိုးရီးယားကေပေါ့လောကတစ်ခုလုံးမှာ ပထမဆုံး ငါးဘီလီယံပြည့်တဲ့ သီချင်းဗီဒီယိုအဖြစ်ရပ်တည်နိုင်တာပါ။

https://s9.kh1.co/__image/w=525,h=600,q=100/55/5543eeb0b623e619e1275dca095e970ebbe5d660.jpg

ဒုတိယလူကြည့်အများဆုံးသီချင်းကတော့ ကမ္ဘာကျော်အိုင်ဒေါအဖွဲ့ BlackPink ရဲ့  Ddu_du_Ddu_du ဆိုတဲ့သီချင်းက ကြည့်ရှုသူ နှစ်ဘီလီယံကျော်ရရှိထားပြီး နေရာယူထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/78/782c85dd9197859b6c4d7fab2fcddeff34ed8086.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T