BlackPink အဖွဲ့ဝင် Jennie ဟာ မကြာသေးခင်ကမှ YG နှင့်စာချုပ်အသစ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ စာချုပ်ဟာ BlackPink အဖွဲ့အတွက်ပဲချုပ်ထားတာဖြစ်ပြီး တစ်ကိုယ်တော်အလုပ်တွေအတွက် သီးသန့်လုပ်ဆောင်သွားကြမှာပါ။ Jennie နှင့် သူ့အမေတို့ပေါင်းပြီးတော့ ODDATELIER (OA) ဆိုတဲ့ Label အသစ်တစ်ခုကို တည်ထောင်လိုက်တာဖြစ်ပါတယ်။

ဒီ Label ဟာ Jennie အတွက်တစ်ကိုယ်တော်အလုပ်တွေကိုလုပ်ဆောင်ဖို့ကိုအဓိကထားသွားမယ့်အေဂျင်စီဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Jennie ဟာသူ့ရဲ့နာမည်နှင့်စီးပွားရေးလုပ်ငန်းခြောက်ခုလောက်ကိုမူပိုင်ခွင့်တင်ခဲ့တာကြောင့် ပရိတ်သတ်တွေက Jennie အနေနှင့်စီးပွားရေးနယ်ပယ်ထဲကိုဝင်လာတော့မလားဆိုပြီး စောင့်ကြည့်နေတာဖြစ်ပါတယ်။

Jennie ဟာ OA နှင့်ပတ်သက်ပြီး သူ့ရဲ့အင်စတာဂရမ်ကနေလည်းနှုတ်ဆက်စကားပြောခဲ့ပါတယ်။ ဒီကုမ္မဏီကနေတစ်ဆင့် ရှေ့ဆက်ပြီးတစ်ကိုယ်တော်အလုပ်တွေလုပ်ဆောင်သွားမှာဖြစ်ကြောင်းနှင့် ပရိတ်သတ်တွေရဲ့အားပေးမှုတွေအတွက်ကျေးဇူးတင်ကြောင်းပြောခဲ့တာပါ။
