Galaxy Corporation ဟာ တောင်ကိုးရီးယားရဲ့ထိပ်တန်းအိုင်ဒေါဖြစ်တဲ့ G Dragon နှင့်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းမနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို GD ကိုယ်တိုင်မတက်ရောက်ခဲ့ပေမဲ့ သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေတစ်ဆင့်စာချုပ်အသစ်ချုပ်လိုက်ကြောင်း သတင်းကိုအတည်ပြုသွားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲကိုတက်ရောက်လာတဲ့ Galaxy Corporation ရဲ့ဒါရိုက်တာဖြစ်သူက GD နှင့် Corporation ရဲ့စာချုပ်ဟာ အိုင်ဒေါနှင့်အေဂျင်စီစာချုပ်ဆိုတာထက်ပိုပြီး ကေပေါ့လောကကိုပိုကျယ်ပြန့်လာစေမဲ့ လုပ်ငန်းတွေအတွက်ချုပ်ဆိုထားတာလို့ပြောခဲ့ပါတယ်။ ဒါ့အပြင် GD ဟာ၂၀၂၄ ပထမနှစ်ဝက်အတွင်းမှာပဲသီချင်းအယ်လ်ဘမ်အသစ်ထုတ်သွားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Big Bang အဖွဲ့ဝင်ဖြစ်တဲ့ Daesang နှင့်လည်းပူးပေါင်းမှုတွေလုပ်ဆောင်နိုင်ခြေရှိနေကြောင်းကိုပါပြောသွားခဲ့ပါတယ်။ GD ရဲ့မူးယစ်ဆေးစွပ်စွဲခံရတာနှင့်ပတ်သက်ပြီးလည်း ထိရောက်တဲ့အရေးယူမှုတွေအကုန်လုံးလုပ်သွားမှာဖြစ်ကြောင်းပါကြေညာခဲ့တာဖြစ်ပါတယ်။
