အာဖရိကတိုက်ရဲ့ ဒုတိယအကြီးဆုံးဖားမျိုးစိတ်

//s9.kh1.co/d3/d32897387d8c1fe5466e719ae32d77ab8b3561e9.jpg
MPT

 ၁၉-ဒီ-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

အာဖရိကတိုက်ရဲ့ ဒုတိယအကြီးဆုံးဖားမျိုးစိတ်

ထူးခြားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ဖားမျိုးစိတ်တွေဖြစ်ပြီး အာဖရိကတိုက်ရဲ့ဒုတိယမြောက်အကြီးဆုံး ဖားမျိုးစိတ်တွေဖြစ်တဲ့ African bullfrog တွေဟာအပူဒဏ်ခံနိုင်ကြပါတယ်။ သဲကန္တာရဒေသ တွေနဲ့ ပေ၄၀၀၀ခန့်မြင့်မားတဲ့တောင်တန်းတွေမှာနေထိုင်ကြတဲ့ဖားတွေဖြစ်ပြီး တွေ့ရရှားပါးပါတယ်။ African bullfrog တွေဟာအပူပိုင်း ချုံပုတ်တွေ၊ အုံဆိုင်းနေတဲ့ရေချိုစိမ့်မြေတွေ၊စိုက်ပျိုးမြေတွေနဲ့အခြားနေရရာအများအပြားမှာနေထိုင်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/67/67d61d9c5c8cc8265d56617278377c3ac3e2833e.jpg

African bullfrog တွေရဲ့ မျိုးပွားပုံမှာအသက်အရွယ်ပေါ်မူတည်ပြီးနှစ်မျိုးရှိကြပါတယ်။ ငယ်ရွယ်တဲ့ဖားထီး တွေဟာရေတိမ်ပိုင်း သေးငယ်သောရေကန်များမှာစုဝေးပြီးမိတ်ဖက်ရှာဖွေကြပါတယ်။ အရွယ်ရောက်သော ဖားထီးတွေမှာတော့ ကျယ်ဝန်းတဲ့လယ်ကွင်းတွေရဲ့အလယ်ဗဟိုမှာစုကာမိတ်ဖက်ကိုရှာဖွေတတ်ကြပါတယ်။ မိတ်ဖက်ရှာဖွေရာမှာလည်းပြိုင်ဘက်ဖားတွေကိုဒဏ်ရာရစေ၍သော်လည်ကောင်၊အသက်သေစေနိုင်သည်အထိသော်လည်ကောင်း အချင်းချင်းတိုက်ခိုက်တတ်ကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/82/82d90dd17a7b3e266d1b80998052357d9af47b19.jpg

ထူးခြားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြတဲ့ဖားအမျိုးအစားတွေဖြစ်ကာစိုစွတ်သောရာသီဥတုမှာများစွာတက်ကြွလှုပ်ရှားကြပြီးပူပြင်းခြောက်သွေတဲ့ရာသီဥတုမှာမြေအတွင်းသို့နှစ်မြုပ်နေထိုင်နိုင်ကြပါတယ်။ ခန္ဓာကိုယ်မှာ အစိုဓာတ်ကိုကောင်းစွာထိန်းထားနိုင်ပြီး ဆီးအိမ်အတွင်း သိုလှောင်ထားတဲ့ရေအချို့ကို လည်းလိုအပ်သလို အသုံးပြုနိုင်ကြပါတယ်။ ဆောင်ခိုတဲ့ရာသီတွေမှာ ခန္ဓာကိုယ်အလေးချိန်များကျဆင်းသွာသည်တိုင် အချိန်ကြာမြင့်စွာဆောင်းခိုလေ့ရှိတဲ့ဖားတွေဖြစ်ကာ ၎င်းတို့ရဲ့ထူးခြားတဲ့အသွင်အပြင်ကြောင့် တရားမဝင် အိမ်မွေး တိရစ္ဆာန်ကူးသန်းရောင်းဝယ်မှုများမှာ များစွာတွေ့နေရတဲ့သတ္တဝါလေးတွေပဲဖြစ်ပါတယ်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T