ချစ်စရာကောင်းပြီးအဆိပ်ပြင်းသောမျောက်ဝံငယ်များ

//s9.kh1.co/54/546e3eedf274c4d673d89633eca2da3e1c9eaae0.jpg
MPT

 ၁၆-ဒီ-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

ချစ်စရာကောင်းပြီးအဆိပ်ပြင်းသောမျောက်ဝံငယ်များ

အရှေ့တောင်အာရှ ရှိသစ်တောများနဲ့ ဂျာဗားကျွန်းအထိတွေလာရတဲ့ သေးငယ်ပြီးချစ်စရာကောင်းတဲ့ မျောက်ဝံ များဟာ Slow lorises လို့အမည်ရပြီး ၎င်းတို့ရဲ့ထူးခြားတဲ့ပုံသဏ္ဍာန်ကြောင့်ပဲလူသိပိုများလာရပါတယ်။ ယခင် မူလအစမှာအမျိုးအစားများစွာရှိခဲ့ပေမယ် ယခုအခါမှာတော့အနည်းဆုံးရှစ်မျိုးခန့်သာကျန်ရှိကြောင်း လေ့လာချက်များအရသိရပါတယ်။ဒီမျောက်ဝံလေးတွေဟာသေးငယ်ပေမယ့် ထူးခြားစွာနဲ့အဆိပ်ရှိတဲ့သတ္တဝါ လေးတွေပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/01/010d698a80ee71489c58789f443343d88b3f8512.jpg

Slow lorises တွေရဲ့ပုံသဏ္ဍာန်ဟာနှေးကွေးကာချစ်စရာကောင်းပေမယ့်နို့တိုက်သတ္တဝါအုပ်စုကြားမှာ ထူးခြားစွာ ပဲအဆိပ်တွေပါရှိနေပါတယ်။ဒီမျောက်ဝံများဟာသူတို့ရဲ့လက်မောင်းရှိချွေးကလင်းများမှာလည်အဆိပ်များပါရှိသလို တံတွေတွေမှာလည်းအဆိပ်များပါရှိပါတယ်။ ၎င်းတို့ရဲ့အဆိပ်ဟာ အကိုက်ခံရသူရဲ့အသားကို ပုပ်သွား စေနိုင် လောက်သည် အထိအဆိပ်ပြင်းကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/03/03420951ee3832900eb14e4d3bf4198505012ee7.jpg

အစပိုင်းမှာ သိပ္ပံပညာရှင်များကလည်း Slow lorises တွေရဲ့အဆိပ်အကြောင်းနဲ့ အဆိပ်အသုံးပြုပုံကိုလေ့လာခဲ့ ကြပေမယ့် အတိအကျမဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ နောက်ပိုင်လေ့လာမှုများမှာတော့ သေးငယ်သော ဒီမျောက်ဝံ လေးတွေရဲ့အဆိပ်ဟာ သားကောင်များကိုခုခံကာကွယ်ရန် နဲ့ကပ်ပါးကောင်များကိုကာကွယ်ရန် အသုံးပြုခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/59/598f5daae48e332dda864022d6cd88130691f405.jpg

ဒီမျောက်ဝံလေးတွေဟာ သစ်တောများပြုန်းတီးမှု၊ တောရိုင်းတိရစ္ဆာန်ကူးသန်းရောင်းဝယ်မှု တို့ကြောင့် အကောင်အ‌ရေအတွက် များစွာ ကျဆင်းသွားခဲ့ပါတယ်။ တိုင်းရင်းဆေးတွေမှာလည်း များစွာ အသုံးဝင် တဲ့အတွက်တရားမဝင်ဖမ်းဆီးမှုများရှိနေကာစနစ်တကျထိန်းသိမ်းနေရတဲ့သတ္တဝါလေးတွေပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/90/90a9456d45e500643b7ab49e50624b3ab80dbc66.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T