အေဒီ ၁၄ ရာစုကတည်းက စတည်ခဲ့တဲ့သမိုင်းဝင်ဥယျာဉ်ကြီး

//s9.kh1.co/e7/e7c9a1b6912799027823985eb540a6c7bae4cdf7.jpg
MPT

 ၁၅-ဒီ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

အေဒီ ၁၄ ရာစုကတည်းက စတည်ခဲ့တဲ့သမိုင်းဝင်ဥယျာဉ်ကြီး

ဒီဥယျာဉ်ကြီးကတော့ ရှေးယခင်အချိန်က အယုဒ္ဓယလို့နာမည်တွင်ခဲ့တဲ့ ဘန်ကောက်မြို့ကြီးမြောက်ဘက်မှမှာရှိတဲ့ သမိုင်းရာဇဝင် ကြွယ်ဝတဲ့ဥယျာဉ်ကြီးတစ်ခုဖြစ်ပါတယ်။ ရှေးဟောင်းသမိုင်းဝင်သုတေသန နေရာ များ၊ အနုပညာလက်ရာများ များစွာရှိတဲ့ဒီဥယျာဉ်ကြီးဟာ ၁၄ ရာစုကတည်းက တည်ရှိခဲ့ကြောင်း သမိုင်း အထောက်အထားများအရသိရပါတယ်။ ထို့အပြင်ဒီဥယျာဉ်ထဲမှာရှေးဟောင်းဗုဒ္ဓဘာသာဘုရားကျောင်းများ လည်းတည်ရှိနေပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/9f/9f755365943d03d07140d75e8b5d9e6058cb9036.jpg

ဥယျာဉ်ကြီးတည်ရှိရာနေရာဟာ ၁၈ ရာစုနှောင်းပိုင်းအထိ အယုဒ္ဓယရဲ့ ကုန်သွယ်မှုဆိုင်ရာအချက်အချာ ကျတဲ့ မြို့တော်တစ်ခုအဖြစ်ရပ်တည်ခဲ့ကြောင်းသိရပါတယ်။ မြို့တော်ကို ၁၃၅၀ ခုနှစ်မှာတည်ထောင်ခဲ့ပြီး လူပေါင်း တစ်သန်းကျော်ခန့်နေထိုင်ခဲ့သော ကမ္ဘာပေါ်မှာအကြီးဆုံးမြို့ကြီးတစ်ခုဖြစ်နိုင်ကြောင်း ၁၈ရာစု မှာ မှတ်တမ်းပြုခဲ့တဲ့ရှေးဟောင်း သတင်းအရင်အမြစ်များအရသိရပါတယ်။ ၁၇၆၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ မြန်မာ- ယိုးဒယား စစ်ပွဲအတွင်းမှာအပျက်အစီးများ ရှိခဲ့ကြောင်းလဲသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/9c/9c43352e52133bf6e56bfdd06b6a96222d5dfab3.jpg

အယုဒ္ဓယရဲ့သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ ဒီပန်းခြံကြီးဟာ ယူနက်စကို ရဲ့ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့မြို့ဟောင်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ထိုမြို့ဟောင်းကြီးဟာနှစ်စဉ်ခရီးသွားများစွာကိုဆွဲဆောင်နိုင်တဲ့နေရာတွေထဲကတစ်ခုပဲဖြစ်ပြီးထိုင်းနိုင်ငံ အတွက်အဖိုးမဖြတ်နိုင်တဲ့အမွေအနှစ်တွေထဲက တစ်ခုလဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/9f/9f22d37383bc5ad64f052539e403aa8577ca70a4.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T