အရိုးစုပန်း(Skeleton flowers) လို့အမည်ရတဲ့ပန်းပွင့်လေးတွေကို တရုတ်၊ အမေရိကန်ပြည်ထောင်စုရဲ့ Appalachian တောင်များနဲ့ ဂျပန်နိုင်ငံရဲ့ အေးသောတောင်တန်းဒေသများမှာတွေရပါတယ်။ Diphylleia grayi လို့ပါလူသိများတဲ့ ဒီပန်းလေးတွေဟာ နှစ်ရှည်ခံပန်းပင်လေးတွေဖြစ်ကြပါတယ်။ အပင်တွေရဲ့ကြီးထွားမှုကတော့ အလွန်နှေးကွေးပြီးလှပတဲ့ပန်းပွင့်လေးတွေပွင့်ကြပါတယ်

လှပပြီးချစ်စရာကောင်းတဲ့ဒီပန်းလေးတွေကတော့ လူတွေရဲ့မျက်လုံးကိုလည်း လှည့်စားတတ်ကြပါသေးတယ်။ ဇွန်လမျှ ဇူလိုင်လအထိပန်းပွင့်ကြတဲ့အပင်လေးတွေဖြစ်ပြီး နို့နှစ်အဖြူရောင်ပန်းပွင့်လေးတွေပဲဖြစ်ပါတယ်။ ပန်းလေးတွေဟာအေးမြတဲ့ရာသီဥတုကိုနှစ်သက်ကာ မိုးဖွဲများကျတဲ့ရာသီမှာပွင့်သည်နဲ့အမျှ မိုးရေထိမိသောပွင့်ဖက်လေးတွေဟာ ဖန်သာကဲ့သို့ကြည်လင်ကာ နုညံ့လာပါတယ်

သို့သော်လည်း ပန်းပွင့်ပေါ်ရှိမိုးရေတို့ခြောက်သွားပါကတစ်ဖန် ပြန်လည်ကာ နို့နှစ်ဖြူရောင်ပန်းလေးတွေအဖြစ်လူတွေရဲ့မျက်စိကို တစ်ဖန်ပြန်လည် လှည့်စားတတ်ပါသေးတယ်။ထိုသို့အသွင်ပြောင်းလဲနိုင်ခြင်းအကြောင်းကိုသေချာမသိရသော်လည်း ပန်းပွင့်များရဲ့ တစ်သျှူးများရှိ ဆဲလ်များ ကြည်လင်လာခြင်းကြောင့် တောက်ပလာပုံရကြောင်း Johnston ကဆိုပါတယ်

၂၀၁၅ ခုနှစ်မှာ Jonghyunရဲ့ Diphylleia Grayi အယ်ဘမ်ကို ထုတ်ဝေခဲ့ပြီး သီချင်းအတွင်းမှာ ဘဝရဲ့ရုန်းကန်မှုဆိုင်ရာနမူနာအဖြစ် ဒီပန်းလေး တွေကိုညွန်ပြထားပါတယ်။ထို့အပြင် ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာပဲ Jonghyun ဟာ Skeleton Flower: Things That Have Been Released and Set Freeဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့ကာ ပန်းလေးတွေကိုလူတွေပိုသိလာစေခဲ့ပါတယ်





