ငှက်တွေဟာထူးခြားတဲ့လည်တိုင်တွေကိုပိုင်ဆိုင်ထားကြပြီးသာမှန်သတ္တဝါများထက်မကကွေးနိုင်ဆန့်နိုင်ကြပါတယ်။ထိုငှက်များအထဲမှာအခြားငှက်များနဲ့မတူပဲပိုထူးခြားတဲ့ငှက်မျိုးစိတ်ကတော့ ဇီးကွက်တွေပဲဖြစ်ကြပါတယ်။ ဇီးကွက်တွေဟာသူတို့ရဲ့ဦးခေါင်းကို ထူးခြားစွာပဲ ၂၇၀ ဒီဂရီကျော် စက်ဝိုင်းတစ်ခုနီးပါး အထိလှည့်နိုင်ကြောင်း သိရပါတယ်

ဇီးကွက်များရဲ့ ဦးခေါင်းဟာ ဘယ်သို့လှည့်ခြင်းဖြင့်ညာဘက်သို့ပင် မြင်နိုင်ပါတယ်။ Johns Hopkins မှ သုတေသီ များကတော့ ထိုသို့လှည့်နိုင် ခြင်းဟာ ဇီးကွက်တွေမှာအရန်သွေးလွှတ်ကြောများ ရှိနေခြင်းကြောင့် သွေးကြော အချို့ ပြတ်တောက်သွားသော်လည်း အာဟာရများရရှိနေခြင်းဖြစ်ကြောင်း ပြောထားပါတယ်။ထို့အတူအခြား ငှက်မျိုးစိတ်များရဲ့ဦးခေါင်းလှည့်ခြင်းဟာ ဇီးကွက်များနဲ့တူညီသောလက္ခဏာရှိ မရှိကိုသိရှိရန် အတွက်သိန်းငှက်ခန္ဓာဗေဒကို လေ့လာနေသောပညာရှင်များက လေ့လာရန်ကြိုးစားနေကြောင်းဆိုထားပါတယ်

ဇီးကွက်တွေရဲ့ ဦးခေါင်းဟာအခြားငှက်များထက် ပိုလှည့်နိုင်ခြင်းမှာလူတွေအတွက်တော့တွေးတောစရာ ပဲ ဖြစ်ပါတယ်။ တဂယ်တော့ဇီးကွက်တွေရဲ့မျက်လုံး ရှည်လျှားသောဖန်ပြွန်ပုံသဏ္ဍာန်ရှိကာ ဦးခေါင်းခွံအရိုး တည်ဆောက်ပုံဖြင့် ထိန်းထားသောကြောင့်ကြီးမားပေမယ့်လှုပ်ရှားလို့တော့မရပါဘူး။ ထိုသို့မျက်လုံးများ လှုပ်ရှားမရခြင်းကြောင့်ပဲ သဘာဝနှင့်လိုက်လျောညီစွာ အခြားငှက်များထက်ပိုကာ ဦးခေါင်းလှည့်နိုင်ခြင်း ဖြစ်ကြောင်းသိရပါတယ်





