အိန္ဒိယနိုင်ငံမှရှေးဟောင်း ဗုဒ္ဓဘာသာကျောက်တုံးဘုရားကျောင်းကြီး

//s9.kh1.co/82/828f0570e7ac5a29a050fdea8ef7027869bcb977.jpg
MPT

 ၁၃-ဒီ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

အိန္ဒိယနိုင်ငံမှရှေးဟောင်း ဗုဒ္ဓဘာသာကျောက်တုံးဘုရားကျောင်းကြီး

အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ်ရှိ Karla Caves ဂူဟာရှေးဟောင်း ဗုဒ္ဓဘာသာ ကျောက်တုံး ဘုရားကျောင်းများမှ တစ်ခုဖြစ်ပါတယ်။ဘီစီနှစ်ရာစု ၂ ရာစုအလွန်မှာတည်ဆောက်ခဲ့ပြီး ရှေးကျတဲ့ဂူတွေဖြစ်ကာ ရှေးဟောင်းဗိသုကာလက်ရာများ၊ ပန်းပုလက်ရာ များနဲ့ပြည့်နေတဲ့ သမိုင်းဝင်အမွေအနှစ်တစ်ခု လည်း ဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/1e/1eae9007a9f83213c16572f086d921303f013040.jpg

အိန္ဒိယနိုင်ငံရဲ့ အထင်ကရဂူတူးဖော်မှု ၁၆ ခုရှိကာ Maharashtra  အပါအဝင်ဗုဒ္ဓဘာသာဂူ ၃ခုပါဝင်ပါတယ်။ဒီ ဂူကြီးအတွင်းမှာ ခရစ်နှစ် ၅၀-၇၀ အတွင်စနစ်တကျထွင်းထုထားသော ဆုတောင်းခန်းမတစ်ခုပါရှိကာ အခန်းမ အတွင်းမှာလူရုပ်များ၊ ဆင်ရုပ်၊ခြင်္သေ့ရုပ်များထွင်းထုထား ကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/d4/d42ce69e6b6d4de6688a9ca94fcf390a4d9663ff.jpg

ဂူအတွင်းမှာတွေ့ရတဲ့ကျောက်စာများအရဘီစီ ၂ ရာစုမှအေဒီ ၁၀ ရာစုအထိအချိန်တစ်ခုတိုင်ဖွံ့ဖြိုးခဲ့တဲ့ ဂူများဖြစ်ကြောင်းသမိုင်းပညာရှင်တို့ဆိုကြပါတယ်။လိုဏ်ဂူမျာဟာ ဘီစီဘီစီ ၂ ရာစုမှစတင်တည်ဆောက် ထားပြီး အိန္ဒိယရှိကျောက်တုံးဗိသုကာလက်ရာများမှ အစောဆုံးနမူနာများထဲမှာ အပါအဝင်ဖြစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/70/704bd8d6e3846be0c3ff53d5bef1ec38537a799b.jpg

ဂူအနီးရှိ လွန်ခဲ့သောနှစ်ပေါင်း၄၀၀ကျော်ကတည်းကတည်းဆောက်ထားတဲ့ Lohagadအမည်ရှိ သမိုင်းဝင် ခံတပ်ကြီးဟာလည်း တောင်တက်သမားများအတွက်ရေပန်းစားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ရှေးဟောင်း အမွေအနှစ်မျာနဲ့ပြည့်နေတဲ့ဂူတစ်ခုဖြစ်သည်နဲ့အညီ သမိုင်းယဉ်ကျေးမှုကိုစိတ်ဝင်စားသူများနဲ့ သုတေသန ပညာရှင်များအတွက်နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/52/52963e617761d38a03d4355de05760068f580bbf.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T