နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိသော အမ္ဘောဒီးယားနိုင်ငံမှ ဘုရားကျောင်းကြီး

//s9.kh1.co/c3/c353d652b4fc5974e0b2818d10c103233faabe1c.jpg
MPT

 ၁၃-ဒီ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိသော အမ္ဘောဒီးယားနိုင်ငံမှ ဘုရားကျောင်းကြီး

Ta Prohm လို့အမည်ရတဲ့ဘုရားကျောင်းကြီးဟာကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့ရဲ့ အရှေ့ဘက် တစ်ကီလို မီတာခန့်အကွာမှာရှိပါတယ်။ မူလအစမှာ Rajavihara  လို့အမည်ရကာ အချိန်ကာလရွှေ့လျားလာသည် နှင့်အမျှ Ta Prohm လို့ပြောင်းလဲခေါဝေါ်သုံးနှုန်းလာကြပါတယ်။ သမိုင်းအထောက်အထားများအရ အေဒီ ၁၁၈၆ မှာ ဘုရင်တစ်ပါးမှ တည်ဆောက်ခဲ့ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဗုဒ္ဓတက္ကသိုလ်အဖြစ်တည်ဆောက်ခဲ့ကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/3c/3c3af1cffba6a22e1a0ed26e70cc4a814fdc3960.jpg

ထိုဘုရားကျောင်းကြီးဟာ အနီးအနားကျေးရွာ ၃၀၀၀ ကျော်မှ ဘုရားကျောင်းဝတ်ပြုသူ ၈၀၀၀၀ကျော်နီးပါးရှိခဲ့ကြောင်း ပညာရှင်တို့ရဲ့သုံးသပ်ချက်များအရသိရပါတယ်။ရှေးဟောင်းဟောင်းအဆောက်အဦးများနဲ့ ရှေးကျတဲ့ သစ်ပင်များစွာပေါက်ရောက်နေတဲ့ ဘုရားကျောင်းကြီးဖြစ်ကာ ဘုရားကျောင်မျှော်စင်ပေါ်တွင်ပေါက်နေသော သစ်ပင်ကြီးမှာလည်းဘုရားကျောင်းကို ထူးခြားနေစေပါတယ်။ ဘုရားကျောင်းကြီးအတွင်းမှာတော့ ဗုဒ္ဓဝင်အကြောင်းအရာများစွာကို ပုံဖော်ထားတဲ့နံရံ ရုပ်ကြွဗိသုကာလက်ရာများကလည်းဘုရားကျောင်းကို ပိုမို ထည်ဝါစေပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/25/25d623f92864a3d84ff8697a41e2c8d36e3be981.jpg

၁၅ ရာစုနောက်ပိုင်မှာတော့ဘုရားကျောင်းကြီး ဟာလျစ်လျူရှုခြင်းခံရကာတောအုပ်သဖွယ်ဖြစ်လာပြီး အဆောက်အဦးများလည်းယိုယွင်းလာခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ ယူနက်စကိုမှဘုရားကျောင်းကြီးကို အမ္ဘာ့မွှေအနှစ်စာရင်းတင်သွင်းခဲ့ကြောင်းသိရပါတယ်။ ၂၀၀၁ ခုနှစ် Lara Croft နဲ့ Tomb Raider တို့ပါဝင်ရိုက်ကူးတဲ့ဟောလီးဝုဒ်ရုပ်ရှင်ကားမှာပါဝင်ခဲ့တဲ့ Ta Prohm ရဲ့ပုံရိပ်များကြောင့် လူသိများလာကာ နှစ်စဉ် သန်းပေါင်းများစွာသောခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/de/de53f8c1551f7fba036822d3d0aaea815880fea1.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T