ရှမ်းလူမျိုးများ၏ ရိုးရာ “ကိန္နရီ ကိန္နရာ” အက

//s9.kh1.co/1d/1dca8e67d1d0befdddadc0bcb85eaebf94c2b7a5.jpg
MPT

 ၁၂-ဒီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အဖိုးမဖြတ်နိုင်ဖွယ် ရိုးရာ ယဉ်ကျေးမှု အက ၊ အလှများ

“ကိန္နရီ ကိန္နရာ” ဆိုတဲ့ စကားဟာ ပါဠိကနေ ဆင်းသက် လာတာဖြစ်ပြီး လူလော၊နတ်လော တွေးတော ယုံမှားဖွယ်ရာ သတ္တဝါလို့ အဓိပ္ပာယ် ရပါတယ်။ဘုန်းတန်ခိုး အာဏာကြီးမားတဲ့  စကြာဝတေးမင်းကို လူ၊ နတ်၊ တိရိစ္ဆာန်တွေက တစ်နှစ်တစ်ကြိမ် ပူဇော်ကန်တော့ကြရပါတယ်။ အဲ့ထဲကမှ ကိန္နရီ ကိန္နရာတို့ရဲ့ လှပသိမ်မွေ့ ယဉ်ကျေးတဲ့ အကအလှတွေနဲ့ ၎င်းတို့ရဲ့ ရှုချင်စဖွယ် ပုံစံကြောင့် မြင်ရသူတိုင်း စွဲတသသ ဖြစ်ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/dd/dd30cc7e3a81d0cec30670487efd002f09f54879.jpg

ခေတ်ကာလများ ပြောင်းလဲပြီးနောက် အဆိုပါ အကြောင်းအရာက ဇာတ်လမ်းသဖွယ် ပြောစရာအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ကိန္နရီ ကိန္နရာတို့ရဲ့ အတူယှဉ်တွဲ ကဟန်တို့ကို ပြန်လည်မြင်တွေ့လိုတာကြောင့် အဆိုပါ အကကို ရှမ်းလူမျိုးများက ပြန်လည် အသက်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ ရှေးခေတ် ကိန္နရာ အကမှာ ကြိုးပေါင်း ခြောက်ဆယ်ကျော်တပ်ပြီး မျက်နှာဖုံးလှလှ တပ်ဆင်ကာ ပျော့ပျောင်းနူးညံ့စွာ တင်ဆက်ဖျော်ဖြေရတာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=291,h=173,q=100/3a/3aff0f6b9c05361e0f19ccc3bd83f8d015ba5e3e.jpg

ရှမ်းကိန္နရာကမည့် သူ၏ဉီးခေါင်းတွင် မကိုဋ် ပါသည့် ခေါင်းစွပ်ကို ဆောင်းရ၏။ ကိန္နရီ အတွက်မူ ပန်းန် ကူမ်ခေါ် မကိုဋ်ကို ကိန္နရာနှင့်မတူ ကွဲပြားအောင် ပြုလုပ်ထား၏။ အဆိုပါ အကကို ကမယ့်သူများသည်  ဉီးစွာ ပထမ ဝတ်စုံကို ရှစ်ခိုးကန်တော့ပြီးမှ ဝတ်ဆင်ရတာပါ။ ဝတ်စုံ ဝတ်ပြီးပါက အိုးစည်ကို ထပ်မံကန်တော့ရပါတယ် ။ ပြီးမှသာ ကိန္နရီ ကိန္နရာ အကကို အတွဲညီညီ ကပြဖျော်ဖြေ နိုင်တာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=298,q=100/e2/e2ad7c2b0b006334a50b589345f3aa00cd953374.jpg

လိုင်းကကန်တော့(ကန်တော့ပန်းဆင်အက) နှင့် လိုင်းကလော်င်အပုမ် (ဝတ္ထုပုံပြင် သရုပ်ဖော်) အကဆိုပြီး ကကြိုးကကွက် နှစ်မျိုးခွဲခြားထားပါသေးတယ်။ ရှမ်းလူမျိုးများရဲ့ ယဉ်ကျေး ၊ သိမ်မွေ့ ၊ အနုပညာပေါင်းစုံ ပါဝင်နေတဲ့ ကိန္နရီ ကိန္နရာအကဟာ ရှမ်းလူမျိုးတွေ အတွက်သာမက မြန်မာနိုင်ငံတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးအတွက် အဖိုးမဖြတ်နိုင်ဖွယ် ယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=323,q=100/0f/0f7da52b283f6629258ef84a39b38e8f2bc9225b.jpg

ဒါကြောင့်လဲ အဆိုပါ “ကိန္နရီ ကိန္နရာ” အက မတိမ်ကော မပျောက်ကွယ်စေဖို့က အနာဂတ်လူငယ်တွေရဲ့ တာဝန်တစ်ရပ် ဖြစ်တယ်ဆိုရင်လဲ မမှားပါဘူး။

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T