ကမ္ဘာ့အကြီးဆုံး ပန်းပွင့်ကို သိပါသလား?

//s9.kh1.co/04/04550daa375a552b4bd82bf216fd0f960a1c5ee2.jpg
MPT

 ၁၀-ဒီ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ကမ္ဘာ့အကြီးဆုံး ပန်းပွင့်ကို သိပါသလား?

Rafflesia Arnoldil လို့ခေါ်တဲ့ပန်းတွေဟာကမ္ဘာပေါ်မှာအကြီးဆုံးပန်းအမျိုးအစားတွေပဲဖြစ်ပြီးPadma လို့လည်း ခေါ်တွင်ကြပါတယ်။ ဒီပန်းပွင့်တွေကို Sumatra နဲ့ Borneoကျွန်းတွေရဲ့မိုးသစ်တောတွေမှာတွေ့ရပါတယ်။ ပန်းတွေရဲ့ထူးခြားမှုမှာတော့ သူတို့ရဲ့ အရွယ်အစားနဲ့ အနံပဲဖြစ်ပါတယ်။ ကြီးမားတဲ့အရွယ် အစားကိုပိုင်ဆိုင်ထားတဲ့ဒီ ပန်းတွေဟာတော့အလွန်အနံ့အသက်ပြင်းသော အသားပုပ်နံ့ကို ထုတ်ပေးပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ca/ca8befd86d75c422d1ee0c18c020881db55cd1e5.jpg

ဒါပေမယ့်ဒီပန်းတွေဟာ Sumatra ကျွန်းရဲ့မိုးသစ်တောတွေမှာတွေ့ရတဲ့  Amorphophallus titanium နဲ့တော့ မျိုးရင်းနာမည် နဲ့ မျိုးစိတ်နာမည်တစ်ခုမှတော့အတူကြပါဘူး။ ဒီထူးခြားတဲ့ ရနံနဲ့ အရွယ်အစားကိုပိုင်ဆိုင်ထား ကြတဲ့ Rafflesia တွေဟာ White Jasmine၊ Moon Orchidတို့နဲ့အတူ  Indonesiaရဲ့  National Flower အဖြစ် သတ်မှတ်ခံထားရတဲ့ပန်းတစ်မျိုးပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/08/08c14dcd7a1a1be47d6b472438959713d82ca7d6.jpg

Rafflesia ရဲ့ထူးခြားတဲ့နောက်တစ်ချက်ကတော့ အခြားပန်းအမျိုးအစားတွေလို့ ပင်စည်၊ အကိုင်း၊ အခက် နဲ့ အစိမ်းရောင်ခြယ်ပစ္စည်းတွေမပါဝင်တဲ့အပြင် အမြစ်လဲအပါရှိကြပါဘူး။အပ်ချည်မျှင်ပုံစံ Tissue တွေနဲ့ အပင် တစ်ပင်လုံးကို အစာအာဟာရထောက်ပံ့ပေးပြီး မှိုများကဲ့သို့ သစ်ရွက်ဆွေးတွေပေါ်မှာပေါက်ရောက်ကြတဲ့ အပင် အမျိုးစားတွေပဲဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်တွင် Sumatra ကျွန်းမှာစတင်တွေ့ရှိခဲ့တဲ့ဒီပန်းတွေဟာ ကမ္ဘာအကြီး ဆုံးပန်းများအဖြစ်သတ်မှတ်ခံရကာ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ခရီးသွားလာမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ Rafflesia တွေရဲ့ ပေါက်ရောက်နိုင်သောနေရာများဆုံးရှုံးရကာ မျိုးသုဉ်နိုင်ခြေ မျာသောအပင်မျိုးစိတ်များလဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/76/760bc8b327b382213a4a57155c53a9f36d92189e.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T