မျိုးသုဉ်းနိုင်မှုအလားအလာရှိနေတဲ့ ရေပုတ်သင်လေးများ

//s9.kh1.co/da/da794a2aee0fb6a0d8c20a438add630d321cc1a3.jpg
MPT

 ၀၆-ဒီ-၂၀၂၃ ၉pm · လွန်ခဲ့သော ၂ နှစ် က

မျိုးသုဉ်းနိုင်မှုအလားအလာရှိနေတဲ့ ရေပုတ်သင်လေးများ

ပုတ်သင်ကိုတော့ လူအများစုဟာကုန်းပေါ်မှာပဲမြင်ဖူးကြပါတယ်။ Axolotls လို့အမည်ရတဲ့ပုတ်သင်တွေဟာ မြောက်အမေရိကမှာများစွာတွေ့ခဲ့ရတဲ့ သတ္တဝါတွေပဲဖြစ်ပါတယ်။ အခြားပုတ်သင်များနဲ့မတူပဲ ရေနေပုတ်သင် အမျိုးအစားတွေပဲဖြစ်ကာ မက္ကဆီကို နိုင်ငံတောင်ပိုင်းရှိရေတိမ်ပိုင်း ဒေသများ၊ Lake Xochimilco and Lake Chalco မှာလည်းတွေ့ရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/e5/e5202c7ebcd08376bf13bad0df217844b75dbd4a.jpg

ခြေလက်အင်္ဂါအပြည့်အစုံပါတဲ့ Axolotls တွေဟာ ဘဝစက်ဝန်းတစ်ခုလုံး ရေမှာကုန်ဆုံးစေကာ ဖားတစ်ကောင်ရဲ့ မျက်နှနဲ့ အနည်းင်ဆင်ပါတယ်။ ရေနေသတ္တဝါတွေဖြစ်သည်နဲ့အညီ အသက်ရှူရန်  ပါးဟပ်တွေကို ပိုင်ဆိုင်ထားပြီး အရေပြားမှတစ်ဆင့်လည်းအသက်ရှူနိုင်သည်မှာ ဒီသတ္တဝါတွေရဲ့ထူးခြားမှုတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ သဘာဝမှာ ၁၀နှစ် မှ ၁၅ နှစ်အထိအသက်ရှင်နိုင်ကာ  ၁ နှစ်ခန့်မှာမျိုးပွားခြင်းစတင်ဆောင်ရွက်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/03/033fdfa746ec70ef982a96709845160a6ad30c16.jpg

ကိုယ်လက်အင်္ဂါများနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်ပျက်စီးသွားပါက အသစ်ပြန်လည် ဖြစ်ပေါ် နိုင်သည် မှာ ထူးခြားပါတယ်။ နောက်ထူးခြားမှုမှာတော့ အရောင်ခြယ်ဗီဇလေးမျိုးကို ပိုင်ဆိုင်ထားပြီး အရွယ်ရောက်ချိန်မှာ သီးခြားအ‌ရောင်တစ်မျိုးပြောင်း လဲနိုင်ကြပါတယ်။ထူးခြားပြီးချစ်စရာ ကောင်း တဲ့ ဒီသတ္တဝါလေးတွေဟာတော့ IUCN ရဲ့မျိုးသုဉ်းနိုင်ဖို့ အလားရှိနေတဲ့ မျိုးစိတ် စာရင်းဝင် သတ္တဝါ လေးတွေပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/97/974ad77b7e982313e701c83fa975f2c42d87fb34.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T