အဆိပ်ပြင်းတဲ့မြွေ များစွာရှိနေတဲ့ မြွေကျွန်း

//s9.kh1.co/d4/d4800f094623797febcc00170bddbe4693f6d2c3.jpg
MPT

 ၀၆-ဒီ-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

အဆိပ်ပြင်းတဲ့မြွေ များစွာရှိနေတဲ့ မြွေကျွန်း

မြွေကျွန်းလို့လူသိများတဲ့ကျွန်းကြီးကတော့ Brazil နိုင်ငံ၊ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာရှိတဲ့ ကျွန်းကြီးတစ်ကျွန်း ဖြစ်ပါတယ်။ ဒီကျွန်းကြီးဟာမြွေများစွာရှိနေသည့်အပြင်အမည်နှင့်လိုက်အောင်ပင်ပုံသဏ္ဍာန်မှာလည်း မြွေတစ်ကောင် နဲ့တူနေပါတယ်။  သေးငယ်သောကျွန်းတစ်ကျွန်းဖြစ်ပြီးမျှတသောရာသီဥတုကိုပိုင်ဆိုင်ထားကာ အဆိပ်ပြင်းသောမြွေများစွာရှိနေပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/5f/5f5c43a8b3cff41f93ba29e9c0f3da66a79406f3.jpg

မြွေကျွန်းသို့ အကြိမ် ၂၀ ကျော်လာရောက်လေ့လာဖူးသူ ဇီဝဗေဒပညာရှင် Marcelo Duarte ၏ပြောဆိုချက်များ အရ တစ်စတုရန်းမီတာလျှင်မြွေတစ်ကောင်မှ ငါးကောင်အထိတွေ့ရတတ်ကြောင်းသိရပါတယ်။ တောင်အမေရိကတိုက်မှ, အဆိပ်အပြင်းဆုံးစာရင်းဝင်ဖြစ်သည့် IUCN  ရဲ့မျိုးသုဉ်းနိုင်မှုအနီရောင်အဆင့် သတ်မှတ် ခံထားရသော Golden Lancehead Snake များကိုလည်း ဒီမြွေကျွန်းကြီးမှာတွေ့ရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/ec/ec5a835e807fc5f3c9f335dd883308b1111c5595.jpg

လူသူအရောက်အပေါက်နည်းကာ လျှို့ဝှက်ဆန်းကြယ်မှုများနှင့်ပြည့်နေသော ဒီကျွန်းကြီးဟာ ရွေ့ပြောင်းနေထိုင်သောငှက်များအတွက်နားခိုရာနေရာတစ်ခုဖြစ်ပါတယ်။ သို့သော် ကျွန်းပေါ်ရှိမြွေများအတွက်တော့ ထိုငှက်တွေက အစာတွေပဲဖြစ်ပါတယ်။ Brazil အစိုးရအဖွဲ့မှသွားရောက်ခွင့်တားမြစ်ထားတဲ့ မြွေကျွန်းကြီးဟာ Golden Lancehead Snake များကို လေ့လာရန်အထူးခွင့်ပြုချက်ရထားသည့် ပညာရှင်များအတွက်တော့ အရေးပါသော ဓာတ်ခွဲခန်းကြီးတစ်ခုပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/71/7182a722a47830d69f40570412cf9a3748f5801d.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T