BlackPink အဖွဲ့ဝင်တွေအကုန်လုံး နှင့်စာချုပ်အသစ်ချုပ်ဆိုခဲ့ကြောင်း YG မှအတည်ပြု

//s9.kh1.co/67/67386594c8974544155609446e2bc4359cc406a5.jpg
MPT Korea Celebrity

 ၀၆-ဒီ-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

BlackPink အဖွဲ့ဝင်တွေအကုန်လုံး နှင့်စာချုပ်အသစ်ချုပ်ဆိုခဲ့ကြောင်း YG မှအတည်ပြု

အာရှမှာတင်မကဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ကျော်ကြားတဲ့ BlackPink အဖွဲ့ဟာ လက်ရှိအေဂျင်စီဖြစ်တဲ့ YG နှင့်စာချုပ်သက်တမ်းအသစ်တိုးဖို့ဆွေးနွေးနေတာဖြစ်ပါတယ်။ ဆွေးနွေးမှုနှင့်ပတ်သက်တဲ့ သတင်းတွေအမျိုးမျိုးထွက်ခဲ့ပေမဲ့ YG ဖက်ကနေပြီး အတည်မပြုခဲ့ဖူးပါဘူး။

https://s9.kh1.co/__image/w=512,h=640,q=100/0e/0e57afd66c58522bc154cb59699cb22f447d4b99.jpg

ဒီနေ့မှာတော့ YG ဖက်ကနေပြီးတော့ စာချုပ်အသစ်ချုပ်ဆိုတဲ့သတင်းကိုအတည်ပြုကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။ ဒီစာချုပ်ဟာ BlackPink အဖွဲ့ရဲ့ အဖွဲ့လိုက်လှုပ်ရှားမှုတွေအတွက်ဖြစ်ပြီး နှစ်ကာလနှင့်စာချုပ်အကြောင်းအရာတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

https://s9.kh1.co/__image/w=564,h=564,q=100/3c/3cccfa2209d8755020d7cbaec57eb87b15cb170e.jpg

အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုတွေအတွက်တော့ လက်ရှိအချိန်ထိဆွေးနွေးနေဆဲအခြေအနေဖြစ်ပါတယ်။ စာချုပ်သက်တမ်းတိုးဖို့အချိန်ကြာနေတာကြောင့် စိတ်ပူနေခဲ့ရတဲ့ BlackPink ပရိတ်သတ်တွေအတွက်တော့ ဒီသတင်းဟာသတင်းကောင်းဖြစ်နေမှာပါ။

https://s9.kh1.co/__image/w=563,h=423,q=100/37/37ef939ae30dea9d02d733f6c23cc747b93293ff.jpg
https://s9.kh1.co/__image/w=564,h=564,q=100/5b/5bb0fd222b8cca88eeed2a544f20e0cb6271320a.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T