အခြားပုတ်သင်မျိုးစိတ်မျာနဲ့မတူဘဲ ထူးခြားနေသော ပုတ်သင်များ

//s9.kh1.co/03/037caaf939201c6a08858998ef530617de1e272f.jpg
MPT

 ၀၅-ဒီ-၂၀၂၃ ၃pm · လွန်ခဲ့သော ၈ လ က

အခြားပုတ်သင်မျိုးစိတ်မျာနဲ့မတူဘဲ ထူးခြားနေသော ပုတ်သင်များ

Frillneck Lizard လို့လူသိများတဲ့ပုတ်သင်တွေဟာ ဩစတီးလျမြောက်ပိုင်း နှင့် နယူးဂီနီတောင်ပိုင်း မျိုးစိတ်များဖြစ်ကာ အရောင်မျိုးစုံနဲ့ ထူးခြားလှပတဲ့သတ္တဝါတွေပဲဖြစ်ပါတယ်။ မြင့်မားသောသစ်ပင်ကြီးများကို နှစ်သက်တဲ့ဒီပုတ်သင်တွေဟာ မိုးရာသီမှာပိုမိုလုပ်ရှားတက်ကြွ ကြပါတယ်။ ပူးပြင်းခြောက်သွေ့တဲ့ရာသီဥတု တွေမှာတော့  မြင့်မားတဲ့သစ်ပင်များရဲ့အမြင့်ဆုံးနေရာများမှာ နေထိုင်ကာအပူဒဏ်ကို သက်သာအောင် လုပ်ဆောင် ကြတာကို တွေ့ရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/e7/e76bfa1fe72aa9cab0fbf1aa2fb009637f20ca9f.jpg

အခြားပုတ်သင်မျိုးစိတ်များနဲ့မတူဘဲ လည်ပင်းတွင်ကြီးမားထူးခြားသောအရေပြား ပါရှိမှုမှာလည်း Frillneck Lizard တို့ရဲ့အမှတ်သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။ရောင်အသွေးမျိုးစုံရှိပြီး ပညာရှင်များကမူ အနီရောင်နဲ့ လိမ္မော်ရောင်မျိုးစိတ်တွေဟာ အဝါ နဲ့ အဖြူရောင် မျိုးစိတ်တွေထက် ကာရိုတင်းနွိုက်ပိုမိုပါဝင်ကာ Pteridines ချို့တဲ့ ကြကြောင်းဆိုထားပါတယ်။ အနီရောင် နဲ့ လိမ္မော်ရောင် တွေကိုတော့ ပြပွဲပြိုင်ပွဲတွေမှာများစွာ တွေ့ရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/12/123aa2148679e267db7351801236ebb4f589d830.jpg

Frillneck Lizardများရဲ့ လည်ပင်းမှာရှိ‌နေတဲ့ ထူးခြားသောအရေပြားအကြောင်းကိုတော့ တိကျစွာ မသိရသေးပါဘူး။ ၁၈၈၀-၁၉၃၀များအတွင်း သဘာဝဗေဒပညာရှင်များရဲ့လေ့လာချက်များအရ ထိုထူးခြားသော အရေပြားများဟာ အအေးဓာတ်ရစေရန်၊အစားအစာသိုလှောင်ရန်၊ အမြင့်မှဆင်းရာတွင် လွယ်ကူစေရန်၊ မိတ်ဖက်ကိုဆွဲဆောင်ရန် စသည်ဖြင့် အမျိုးမျိုးအဆိုပြုခဲ့ကြပါတယ်။ IUCNရဲ့ရှားပါးစာရင်းမှာမပါဝင်သေး ပေမဲ့အိမ်းမွေးတိရစ္ဆာန်ရောင်းဝယ်မှုများကြောင့် အချို့ဒေသများမှာတော့အကောင်အရေအတွက်များစွာရော့နည်း လာသည်ကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/f0/f04b5dc30d6e414784e08404f93ae0acf17e7645.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T