ထိုင်းနိုင်ငံမှထူးခြားသော မျောက်ဘူဖေးပွဲတော်

//s9.kh1.co/27/278a3992263f2d4e2346a9c4b5f42f9b2a4a3302.jpg
MPT

 ၀၅-ဒီ-၂၀၂၃ ၁pm · လွန်ခဲ့သော ၈ လ က

ထိုင်းနိုင်ငံမှထူးခြားသော မျောက်ဘူဖေးပွဲတော်

ထိုင်းနိုင်နိုင်ငံ ဘန်ကောက်မြို့မြောက်ဘက် Lopburi မှာကျင့်ပတဲ့ ပွဲတော်တစ်ခုဟာ ကမ္ဘာမှာတစ်မူထူးခြားနေပါတယ်။ ထူးခြားနေရခြင်းအကြောင်းအရင်ကတော့ နှစ်စဉ် နိုဝင်ဘာလမှာကျင့်ပတဲ့ ထိုပွဲဟာ ဘယ်မှာမှမရှိတဲ့ မျောက်ဘူဖေးပွဲတော် တစ်ခုဖြစ် နေရခြင်းကြောင့်ပဲဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာထိုင်းနိုငံရဲ့စီးပွားရေးလုပ်ငန်းရှင် တစ်ဦးစတင်ခဲ့တဲ့ဒီပွဲတော်ဟာ ယနေ့အချိန်မှာတော့  ခရီးသွားများစွာကို ဆွဲဆောင်နိုင်တဲ့ပွဲတော်တစ်ခုဆိုလည်း မမှားပါဘူး

https://s9.kh1.co/__image/w=650,h=342,q=100/c0/c0b05c8ea70058d0064488054f635a9bd9a426ea.jpg

လွန်ခဲ့သောနှစ်သန်းပေါင်း ၃၀၀၀ ခန့်ကတည်းကတည်ရှိခဲ့တဲ့ Lopburi မြို့ကြီးဟာရှေးဟောင်းသုတေသန အထောက်အထားများစွာရှိတဲ့သမိုင်းဝင်မြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။ ထိုင်းလူမျိုးများက မျောက်များကို သန့်ရှင်းသော ဟာနုမန်၏သားစဉ်မြေးဆက်များဟုလက်ခံကာ အစာကျွေးခြင်းမှ Lopburi မြို့ကြီးနဲ့ လူအားလုံးအတွက် ကံကောင်းခြင်းတွေယူဆောင်လာတယ်လို့ ယုံကြည်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/ec/ec1f74216bfe34357a4f19b637c6269aa644759c.jpg

ဒီမျောက်ဘူဖေးပွဲမှာ ငှက်ပျောသီး၊ သခွားသီး၊ သကြားလုံးများ ၊အချိုရည်များ၊ ကိတ်မုန့်များ အပါအဝင် များစွာသောအစား အစာများကို ခင်းကျင်းပြီးကြိုက်နှစ်သက်ရာကို အပြိုင်အဆိုင်စားနိုင်စေရန်စီစဉ်ပေးထားပါတယ်။ ဒီပွဲတော်မှာ လူတွေအတွက်လည်းတေးဂီတနဲ့ အကများပါဝင်းပြီး ကပြသူတွေဟာမျောက်ဝတ်စုံများကို ဝတ်ဆင်ကာ ကြပြကြသည်ကလည်း ခရီးသွားတို့အတွက်စိတ်ဝင်စားစရာဖြစ်နေပြန်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/59/591ae80880a8c0731d08835b36aeb827875cdc87.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T