ချစ်စရာကောင်းပြီးအရုပ်ပုံ ပန်းပွင်းလေးတွေပွင့်တဲ့ အပင်လေးများ

//s9.kh1.co/4a/4a6bdd55583b58d471d5515adc1c02498a12ef06.jpg
MPT

 ၀၅-ဒီ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၈ လ က

ချစ်စရာကောင်းပြီးအရုပ်ပုံ ပန်းပွင်းလေးတွေပွင့်တဲ့ အပင်လေးများ

Happy Alien လို့ အမည်ရတဲ့ ဒီအပင်လေးတွေဟာ အမေရိကတောင်ဘက်ပိုင်း Tierra del Fuego ဒေသမျိုးရင်း များဖြစ်ကြပါတယ်။ ပန်းပွင့်လေးများရဲ့ထူးခြားတဲ့အသွင်အပြင်ကြောင့်ပဲ Happy Alien လို့ အမည်တွင်လာ ခဲ့ပါတယ်။ သတ္တဝါမျိုးစုံမျိုးကွဲများကို လေ့လာသူ သတ္တဗေဒပညာရပ်၏ဖခင်ကြီး Charles Darwin ကစတင်တွေ့ ရှိခဲ့ပြီး Darwin's Slipper လို့လည်း ခေါ်ကြပါသေးတယ်

https://s9.kh1.co/__image/w=650,h=342,q=100/06/064cb3d04f16b6cd4b550ba7f034285fc9bd8a09.jpg

သဘာဝအတိုင်းပေါက်ရောက်ကြတဲ့ Darwin's Slipper လေးတွေဟာတော့ သေးငယ်တဲ့ နှစ်ရှည်ခံပင် လေးတွေ လည်းဖြစ်ပါတယ်။ လှပပြီးချစ်စရာကောင်းတဲ့ပန်းပွင့်လေးတွေပွင့်ပြီး ပန်းပွင့်ပုံစံမှာလည်း ဦးထုပ်ကလေး ဆောင်းကာ ဗန်းတစ်ခုကိုင်ထားတဲ့ အရုပ်ကလေးနှင့်ပင် တူကာအမြင်ထူးခြားနေပါတယ်။ အေးမြသော ရာသီဥတုကို နှစ်သက်ကြပြီးအစပိုင်း မှာတော့ အမေရိကတောင်ပိုင်း မှာပဲတွေ့ခဲ့ရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/13/133d18f8847896cd30ccd45d32fb74a69b152a24.jpg

ကမ်းရိုးတန်းဒေသများ၊ ကျောက်ဆောင်များ၊ လှေကားထစ်စိုက်ခင်းများ၊ ချောက်ကမ်းပါးများ နဲ့ သဲသောင်များ မှာပေါက်ရောက်မှုများပြီး ပွင့်လန်းမှုအားကောင်းပါတယ်။ လှပသောပန်းပွင်းများရဲ့ပုံစံနဲ့မွှေးကြိုင်သော ရနံ့တွေကို သုံးပြီး ဝတ်ရည်စုပ်ငှက်များကို ဆွဲဆောင်ကာသန္ဓေအောင်စေပါတယ်။ အမေရိကန်တောင်ပိုင်း တစ်နေရာမှာပဲစတင်တွေ့ရှိခဲ့တဲ့ ဒီအပင်လေးတွေဟာ ချစ်စရာပန်းပွင့်ကလေးများကြောင့် လူတွေရဲ့ အာရုံစိုက်မှု မျာလာရာမှ ချီလီ၊ အာဂျင်တီးနား နဲ့ အခြားနေရာတွေအထိပါ သယ်ယူစိုက်ပျိုးခြင်းခံလာရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/4b/4bfa304216cae2f657756a3fb1ed85dd5d8eea99.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T