Rolling Stone ရဲ့အကောင်းဆုံးသီချင်းစာရင်းမှာပါဝင်လာခဲ့တဲ့ KPop သီချင်းများ

//s9.kh1.co/f6/f62b6c96c39a49805698aed84d718d2855961ea0.jpg
MPT Korea Celebrity

 ၀၅-ဒီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၈ လ က

Rolling Stone ရဲ့အကောင်းဆုံးသီချင်းစာရင်းမှာပါဝင်လာခဲ့တဲ့ KPop သီချင်းများ

NewJeans, “Super Shy”

Newjeans အဖွဲ့ရဲ့  Mega Hit သီချင်းတစ်ပုဒ်ဖြစ်တဲ့ Super Shy ဟာ အကောင်းဆုံးသီချင်းတွေထဲမှာ နံပါတ်ခြောက်အဖြစ်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်။

SEVENTEEN, “Super”

Seventeen အဖွဲ့ရဲ့စံချိန်တင်အောင်မြင်မှုတွေယူဆောင်လာပေးတဲ့ Super သီချင်းဟာ အဆင့် 47 မှာရပ်တည်ပြီးတော့ အကောင်းဆုံးသီချင်းအဖြစ်ရွေးချယ်ခံထားရပါတယ်။

TWICE, “Moonlight Sunrise”

Twice အဖွဲ့ရဲ့ ၂၀၂၃ ထုတ် အင်္ဂလိပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Moonlight Sunrise သီချင်းဟာလည်း အဆင့် 55 မှာရပ်တည်နေပါတယ်။

BTS’s V, “Rainy Days”

ကေပေါ့အိုင်ဒေါတွေကြားမှာပါ နာမည်ကြီးသွားတဲ့ V ရဲ့တစ်ကိုယ်တော်သီချင်း Rainy Days ကလည်း အဆင့် 58 မှာနေရာယူထားပါတယ်။

BLACKPINK’s Jisoo, “Flower”

ဆိုရှယ်မီဒီယာနှင့်ကေပေါ့လောကတစ်ခုလုံးမှာရေပန်းစားခဲ့တဲ့ Flower သီချင်းကလည်း အဆင့် 67 မှာ အကောင်းဆုံးသီချင်းအဖြစ်သတ်မှတ်ခံထားရပါတယ်။

FIFTY FIFTY, “Cupid”

၂၀၂၃ ရဲ့လုံးဝ ပေါက်သီချင်းဖြစ်ခဲ့တဲ့ Cupid ဟာ အဆင့် 75  မှာရပ်တည်နေပါတယ်။

XG, “Left Right”

ဂျပန်မိန်းကလေးအဖွဲ့  XG ရဲ့   သီချင်းကလည်း အဆင့် 77 မှာရပ်တည်နေပါတယ်။

aespa, “Spicy”

Aespa အဖွဲ့ရဲ့ ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့ကြတဲ့ Spicy သီချင်းကလည်း အဆင့် 95 မှာနေရာယူထားပါတယ်။

BTS’s Jungkook feat. Latto, “Seven”

BTS အဖွဲ့ဝင် Jungkook ရဲ့ တစ်ကိုယ်တော်သီချင်း Seven ကလည်းပဲ အဆင့် 99 မှာနေရာယူထားပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T