Zhangye National Geopark လို့အမည်ရတဲ့ ဥယျာဉ်ကြီးဟာ ၂၀၁၂ ခုနှစ် ဧပြီလမှာ အမျိုးသားဆိုင်ရာဘူမိ ဥယျာဉ်တစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ ရောင်စုံကျောက်တုံးများနဲ့ ထူးခြားနေတဲ့ တောင်တန်းကြီးတွေဟာလည်း ဒီဥယျာဉ်ကြီးမှာရှိပြီး တရုတ်နိုင်ငံရဲ့အလှဆုံးတွေထဲကတစ်ခုဆိုလည်းမမှားပါဘူး။ Danxia ဟူ၍သီးခြားအမည်တစ်ခုနှင့်ပါ ကျော်ကြားတဲ့ ဥယျာဉ်ကြီးဟာ အံသြဖွယ်ရာများနဲ့ပြည့်နေပြီး စိတ်ကူယဉ်ပန်းချီဆန်နေပြန်ပါတယ်

လှပပြီးတောက်ပသော ရောင်စုံကျောက်များနဲ့ခြယ်မှုန်ထားတဲ့ တောင်တန်းကြီးဟာ ဂြိုလ်သားဥယျာဉ်တစ်ခုလို့ ပင်တင်စားခံရလောက်အောင်လှပနေပါတယ်။ဒီသက်တံရောင်တောင်တန်းကြီးဟာ နှစ်ပေါင်း ၂၄ သန်းကျော် ရှိတဲ့ သဲကျောက်မျာကြောင့် လှပသောအရောင်အသွေးနဲ့တင့်တယ်နေကြောင်း ပညာရှင် များကဆိုပါ တယ်။ မိုး၊လေ တို့ရဲ့တိုက်စားမှုကြောင့် လျှိုမြောင်များ တောင်ကုန်ငယ်ပုံစံများနဲ့ ထူးခြားနေတဲ့ဒီတောင်တန်းကြီး တွေဟာ တရုတ်နိုင်ငံရဲ့အလှဆုံးများထဲက တစ်ခုအဖြစ် မီဒီယာ ၃၄ ခုမှ သတင်းထောက်များက မဲပေးထောက်ခံခြင်းကို လည်းခံခဲ့ရပါတယ်

သဘာဝကိုကျော်လွန်ကာမှော်ဆန်တဲ့အလှတရားတွေနဲ့ လှပနေတဲ့ ဒီတောင်တန်းကြီးဟာ များစွာသောခရီးသွား တွေကို ဆွဲဆောင်နေတဲ့နေရာလည်းဖြစ်ပါတယ်။ ဘူမိဗေဒ ပညာရှင်တို့ အတွက်လည်း သက်တံတောင်တန်းကြီး တွေဟာ သုတေသနပြုလုပ်ရာ နေရာကောင်းတွေလဲဖြစ်နေပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ သက်တံတောင်တန်း ကြီးတွေ ဟာ UNESCO ရဲ့ Global Geopark အဖြစ်သတ်မှတ်ခံခဲ့ရတဲ့သဘာဝ တောင်တန်းကြီးတွေဖြစ်လာခဲ့ပါတယ်
