BTS အဖွဲ့ဝင်တွေဖြစ်တဲ့ RM V Jimin JungKook တို့ဟာမကြာခင်မှာ စစ်မှုထမ်းဆောင်ကြတော့မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားတာပါ။ သတင်းထုတ်ပြန်ပြီးမကြာခင်မှာပဲ တောင်ကိုးရီးယားသတင်းဌာနတွေကနေပြီးတော့ စစ်မှုထမ်းကြမယ့် နေရာနှင့်ရက်တွေကိုဖော်ပြလာခဲ့ကြတာပါ။

ဒါပေမဲ့ ကုမ္မဏီဖက်ကအတည်မပြုခဲ့ပါဘူး။ ဒီတစ်ခေါက်မှာတော့ ကုမ္မဏီဖက်ကနေပြီးကိုယ်တိုင် အတည်ပြုပေးပြီးတရားဝင်စာထုတ်လာတာဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ RM နှင့် V တို့ဟာ သူတို့လျှောက်ထားတဲ့တပ်ခွဲတွေအလိုက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး Jimin နှင့် JungKook တို့ကတော့ အတူတူစစ်မှုထမ်းသွားမှာဖြစ်ပါတယ်။

စစ်မှုထမ်းမယ့်နေ့မှာ နှုတ်ဆက်ပွဲလိုမျိုးပွဲကျင်းပမှာမဟုတ်ဘဲ တိတ်တဆိတ်ပဲလုပ်မှာကြောင့် ပရိတ်သတ်တွေအနေနဲ့မလာကြဖို့ပါ တောင်းဆိုထားပါတယ်။ ဒါ့အပြင် တာဝန်ထမ်းဆောင်နေတဲ့အချိန် သူတို့နာမည်ကိုသုံးပြီးတရားမဝင်ပစ္စည်းရောင်းဝယ်တာတွေရှိရင်လည်း ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။
